တစ်ဖက်လူက ကိုယ့်ကို စွန့်ပစ်ဖို့ စိတ်ကူးမိပြီဆိုရင်
ကိုယ့်ဘက်က ဘာလုပ်လုပ် အပြစ်ဖြစ်နေမှာပဲ....။
အရင်က "ချစ်စရာ" လို့ ပြောခဲ့တဲ့
အပြုအမူလေးတွေက
အခုတော့ "စိတ်ပျက်စရာ" တွေ ဖြစ်လာမယ်....။
အရင်က "နွေးထွေးတယ်" လို့ ထင်ခဲ့တဲ့
ဂရုစိုက်မှုတွေက အခုတော့
"အသက်ရှူကျပ်စရာ" တွေ ဖြစ်လာမယ်....။
တကယ်တော့... မင်းက ပြောင်းလဲသွားတာ
မဟုတ်ပါဘူး၊သူ့ရဲ့ "အမြင်"
တွေက ပြောင်းလဲသွားတာပါ....။
ဒါကြောင့်... ဘာမှ အားတက်သရော ရှင်းမပြပါနဲ့တော့။
ကိုယ့်အချစ်ကို အပြစ်လို့ မြင်နေတဲ့သူ့ရှေ့မှာ
စကားလုံးတွေ အများကြီး ပြောနေတာဟာ
ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာနဲ့တူတူပါပဲ...။
သူ ထွက်ခွာချင်တယ်ဆိုရင် လမ်းဖွင့်ပေးလိုက်ပါ၊
ကိုယ့်ရဲ့ အချစ်တွေကိုလည်း တန်ဖိုးရှိရှိပဲ
ပြန်ရုပ်သိမ်းလိုက်ပါ....။
ကိုယ့်ကို အပြစ်မမြင်တဲ့ နေရာတစ်ခုမှာ
အေးအေးချမ်းချမ်း ပြန်ရှင်သန်ဖို့ပဲ ကြိုးစားပါ....။
မင်းသိပါစေ...
ချစ်ရတာဟာ အပြစ်မဟုတ်သလို
အပြစ်လို့ မြင်နေတဲ့သူ့ဆီက
ထွက်ခွာတာဟာလည်း ရှုံးနိမ့်ခြင်း မဟုတ်ပါဘူး။
#NEE

1July 24, 2026 200