ကိုယ်ချစ်သောသူတစ်ယောက်က ‎သူ ချစ်သောသူတစ်ယောက်အကြောင်းကို ‎တခမ်းတနား… — အချစ်ခရီးသွားများ(𝐋𝐨𝐯𝐞 𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬) — TG.ME

‎ကိုယ်ချစ်သောသူတစ်ယောက်က
‎သူ ချစ်သောသူတစ်ယောက်အကြောင်းကို
‎တခမ်းတနား ပြောပြနေတာမျိုး နားထောင်ဖူးသလား

‎သူအဲလိုပြောနေရင်လေ
‎ကိုယ့်ကိုတောင် မေ့နေသလိုမျိုး ပြုမူတာလေးက
‎တကယ်ချစ်ဖို့ကောင်းတယ်

‎ဟန်ဆောင်မှုကင်းတယ်
‎သူ့မျက်ဝန်းလေးတွေက ကြယ်လေးတွေလိုပဲ
‎အရောင်တွေလတ်လို့ တကယ်ကြည့်လိုကောင်းနေရော

‎ကိုယ့်က ကမ္ဘာကိုစွန့်ပြီး သူကိုငေးတယ်
‎သူက ကိုယ့်ကိုစွန့်ပြီး သူ့ကမ္ဘာကြီးကိုငေးတယ်

‎အချစ်ဆိုတာ လုပ်ယူလို့မှမရတာ
‎သူ ချစ်ချင်တဲ့သူကို ချစ်ကြပြီး
‎သူမချစ်ချင်တဲ့ သူကိုတော့

‎ဘယ်လောက်ပဲ ကောင်းပြ
‎ဘယ်လောက်ပဲ မေတ္တာတွေနဲ့ပေးဆပ်
‎ဘယ်လောက်ပဲ ဂရုစိုက် ချစ်ပြ နေပါစေ
‎သူတို့အတွက်တော့
‎ကိုယ်တွေဟာ အနှောင့်အယှက်သာသာနဲ့
‎ဈေးပေါစေခဲ့တာပါပဲ

‎ဒါကြောင့်
‎ပေးသော မေတ္တာတွေ
‎ဘယ်လောက်ပဲ အေးမြ အေးမြ
‎မလိုသူတွေ အတွက်တော့ အလကားပါပဲ

‎#ခန့်ထည်
❤2
July 21, 2026 171