မင်း ရဲ့ အ ဝေး ငါမှာက သောကတွေနဲ့ အပူတွေလောင်လောင်ကျွမ်းကျွမ်း… — အချစ်ခရီးသွားများ(𝐋𝐨𝐯𝐞 𝐓𝐫𝐚𝐯𝐞𝐥𝐞𝐫𝐬) — TG.ME

မင်း ရဲ့ အ ဝေး

ငါမှာက သောကတွေနဲ့ အပူတွေလောင်လောင်ကျွမ်းကျွမ်း
များလှတယ် မင်းရဲ့ အဝေးမှာ သိပ်အဆင်မပြေဘူး
နေပျော်စရာမကောင်းတဲ့ ငါဘဝကြီးဟာလည်း
တစ်စုံတစ်ယောက်ကိုရင်ထဲထည့််ကြည့်မှ အထီးကျန်ဆန်ခြင်းရဲ့အကြောင်း
ရောက်လာခဲ့တယ်

ရင်ကိုဖွင့် မင်းသိအောင် သီချင်းတွေနဲ့တစ်မျိုး ကဗျာတွေနဲ့တဖုန်
ပြောပြခဲ့လည်း မင်းကပျက်ရယ်ပြုလိုက်တဲ့ သံစဥ်မဲ့သီချင်း
ကာရံမညှီတဲ့ ကဗျာတွေ အဖြစ်ပြောင်းသွားတယ်

ကိုယ့်ကိုယ်ကိုယ်ပျော်ပျော်နေရင်း မင်းကိုထိုင်ငေးရင်း
ငိုခဲ့ရဘူးတယ် မင်းရဲ့အဝေးဆုံးက ဒီလူကို
မင်းကိုမေ့ဖို့ မုန်းလိုက်ဖို့ မချစ်ဖို့ မင်းမို့ပြောထွက်လေတယ်ကွယ်
ခဏလောက်ငါ့ ရင်ထဲကိုမင်းဝင်ကြည့်စေချင်တယ်
အဲစကားဟာ ငါ့နှလုံးသားတည့်တည့်ကို ထိုးထည့်လိုက်တဲ့
ဓားတွေဘာ ချစ်ရသူရယ်

ဖြစ်နိုင်ရင် မေ့လိုက်ဖို့မပြောပဲ အပြုံးလေးပေးခဲ့ပါလား
ဖြစ်နိုင်ရင် မုန်းလိုက်ဖို့မပြောပဲ အကြင်နာအကြည့်လေးပေးခဲ့ပါလား
ဖြစ်နိုင်ရင် မင်းကိုမချစ်ဖို့မပြောပဲ ငါ့ရင်ခုန်သံနားထောင်ကြည့်ပေးပါလား

ဒီအကြောင်းတရားတွေဟာ မင်းရဲ့အဝေးကမို့
နီးစပ်မှုရှိတဲ့ အခွင့်အရေးလေးများရှိရင်
နှုတ်ခမ်းတစ်စုံက ခပ်ဖွဖွလေးပဲ ပြုံးပြလိုက်ပါကွယ်

♡ ခန့်ထည် ♡

နာကျင်ခြင်းအနုပညာ
May 24, 2026 304