🚨 ဘင်္ဂလားပင်လယ်အော်တွင် ကုန်တင်သင်္ဘောနစ်မြုပ်၊ မြန်မာသင်္ဘောသား ၃ ဦး ပါဝင်
၂၃ ဩဂုတ်၊၂၀၂၆
ပနားမားအလံတင် အမ်ဗီ အိုးရှင်းဝင်းနာ ကုန်တင်သင်္ဘောသည် အိန္ဒိယနိုင်ငံ ပါရာဒီပ်ဆိပ်ကမ်းမှ သံရိုင်းတင်ဆောင်ထွက်ခွာပြီးနောက် ဘင်္ဂလားပင်လယ်အော်အတွင်း နစ်မြုပ်သွားခဲ့ရာ သင်္ဘောပေါ်တွင် မြန်မာနိုင်ငံသား သင်္ဘောသား ၃ ဦး အပါအဝင် စုစုပေါင်း ၂၄ ဦး လိုက်ပါခဲ့သည်။ 🇲🇲 သင်္ဘောသားများတွင် တရုတ်နိုင်ငံသား ၂၀ ဦးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးလည်း ပါဝင်ပြီး လက်ရှိတွင် အသက်ရှင်သူ ၂ ဦးကို ကယ်တင်ထားကာ ကျန် ၂၂ ဦးကို အိန္ဒိယကမ်းခြေစောင့်တပ်နှင့် ရေတပ်တို့က ဆက်လက်ရှာဖွေနေသည်။ Source: PTI / Indian Coast Guard






