လောင်းကြေးထပ်ပွဲ နှင့် မယ်ချိုမောင်နှမ...
လှဦးက မူးမူးရူးရူးနဲ့ မယ်ချိုတို့မောင်နှမ နှစ်ယောက်ကို စိန်ခေါ်ကာ ဦးတွတ်နီရဲ့စိုက်ခင်းမှာ တစ်ယောက်တည်း အလုပ်သွားလုပ်တာ ပိုးထိပြီး ဆုံးသွားခဲ့တယ်။ ဒါပေမယ့် တစ်ရွာလုံးကတော့ မယ်ချိုတို့မောင်နှမနှစ်ယောက် သတ်လို့ သေတယ်ထင်နေကြပါတယ်။ ဦးတွတ်နီက သူ့စိုက်ခင်းမှာ လှဦးဆုံးသွားတာကြောင့် လှဦးရဲ့နာရေးကိစ္စအဝဝကို အကုန်တာဝန်ယူလုပ်ပေးမယ်လို့ သူကြီးဦးညွန့်မောင်ကို ပြောလိုက်ပါတယ်။ ဦးတွတ်နီ အိမ်ပြန်ရောက်တဲ့အချိန် ဦးဘထွန်းနဲ့ ကျော့မောင်တို့ အိမ်မှာရောက်နေကြပြီး ဦးဘထွန်းဆီက အနိုင်ကျင့်ပြီးယူထားတဲ့ စိုက်ခင်းတွေကိုပြန်ပေးဖို့ စကားပြောရင်း ကျော့မောင်နဲ့ ဦးတွတ်နီတို့ပြဿနာတတ်ကြပါတော့တယ်။ ဦးတွတ်နီ အခုလိုမတရားလုပ်နေတာတွေကို ရေချမ်းနဲ့မယ်ချိုတို့မောင်နှမက ဒီတိုင်းလက်ပိုက်ကြည့်နေမှာမဟုတ်ဘူးဆိုတဲ့ ဦးဘထွန်းပြောလိုက်တဲ့စကားကို ဦးတွတ်နီက လှောင်ပြောင်ရယ်မောလိုက်ပြီး သူကဘယ်သူ့ကိုမှဂရုမစိုက်တာကြောင့် အဲ့ဒီစိုက်ခင်းမှာ တစ်ယောက်တည်း သွားအိပ်ပြမယ် တစ်ရွာလုံးပါးစပ်ပေါက်တွေပိတ်သွားအောင် လုပ်ပြမယ်လို့ စိန်ခေါ်လိုက်ပါတော့တယ်။
မယ်ချို [Episode 5]

1August 8, 2024 3.6K