ယခုနှစ်အတွက် ဩဇာသီး ဈေးကွက်အတွင်းရောက်ရှိ တလုံးကို (၂၅၀၀) ကျပ်… — မြေလတ်အသံ - Myaelatt Athan — TG.ME

ယခုနှစ်အတွက် ဩဇာသီး ဈေးကွက်အတွင်းရောက်ရှိ တလုံးကို (၂၅၀၀) ကျပ် အထိရှိနေ

မြေလတ်အသံ၊ သြဂုတ် ၂၆၊ ၂၀၂၆။

ယခုနှစ်အတွက် ဩဇာသီးရာသီချိန်စတင်နေပြီဖြစ်ပြီး ဈေးကွက်အတွင်းရောက်ရှိနေတဲ့ ဩဇာသီးတစ်လုံးရဲ့ ဈေးနှုန်းဟာ အမြင့်ဆုံး(၂၅၀၀) ကျပ်အထိ ပေါက်ဈေးရှိတယ်လို့ ရောင်းဝယ်နေသူတွေဆီက သိရပါတယ်။

လက်ရှိတွင် ဩဇာသီး အလုံး ၅၀ ပါတခြင်းကို ကျပ် ၅၀,၀၀၀၊ ကျပ် ၃၅,၀၀၀ တို့နဲ့ ရောင်းချနေသလို အရွယ်အစားပေါ်မှုတည်ပြီး ၁ လုံးလျှင် ကျပ် ၁,၀၀၀ မှ ကျပ် ၂၅၀၀ ဝန်းကျင်အထိလည်း ဈေးပေါက်နေတယ်လို့ သိရပါတယ်။

"ပေါ်ဦးပေါ်ဖျားဆိုတော့ လာပို့တာနဲ့ မှာသူဆီကို တခါတည်း ပို့နေရလို့ ရောက်တာနဲ့ ကုန်တာပေါ့။ အခုမှပေါ်ကာစဆိုတော့ ခြံကလည်းစျေးကောင်းရတာပေါ့" လို့ ဇီးကုန်းမြို့က ရာသီပေါ်သီးနှံရောင်းချနေသူတဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.com/news/26065/
👍18❤9😱3🔥2
August 26, 2026 4.4K 4