ကောက်ရတဲ့ ဗုံးသီးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကိုရင် ၂ ပါးပျံလွန်၊ ၆ ပါးဒဏ်ရာရ
ဆိပ်ဖြူ၊ ဩဂုတ် ၂၅၊ ၂၀၂၆။
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ထမ္မကောက်ကျေးရွာအုပ်စု၊ အင်ကျင်းပင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်းမှာ လမ်းကကောက်ရလာတဲ့ ဗုံးသီးကို ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပြီး ကိုရင် ၂ ပါး ပျံလွန်တော်မူပြီး၊ ၆ ပါးဒဏ်ရာရတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတွေထံက သိရပါတယ်။
ဩဂုတ်လ ၂၄ ရက်နေ့မနက် ၁၀ နာရီခန့်က ဆွမ်းခံဆင်းပြီး ပြန်လာတဲ့ကိုရင်လေးတွေက မပေါက်ကွဲသေးတဲ့ ၄၀ မမဗုံးသီးတလုံးကို တွေ့လို့ ကောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။
"ကိုရင်လေးတွေက တနေရာကကောက်လာပြီး ဆော့ကြတာ။ ၂ ပါးကတော့ နေရာမှာ ပျံလွန်တော်မူတာ။ လယ်ကွင်းထဲက ကောက်လာတာလို့တော့ သိရတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
သတင်းအပြည့်အစုံ - https://myaelattathan.com/news/26061/
28
12
1
1August 25, 2026 5.4K 7

