Rapper Wang Yibo ကို မလွမ်းဘူးလို့ ပြောရင် ကျွန်တော်ညာတာ။… — Born to Shine "Wang Yibo" — TG.ME

Rapper Wang Yibo ကို မလွမ်းဘူးလို့ ပြောရင် ကျွန်တော်ညာတာ။ ဘယ်တွေးထင်ထားမိခဲ့ပါ့မလဲ CCTV Spring Festival Gala မှာ လွမ်းနေရတဲ့ Rapper Wang Yibo ကို ပြန်တွေ့ရမယ်လို့။ ဒီ စင်မြင့်မှာ မဖြစ်နိုင်ဘူးလို့ တွင်တွင်ငြင်းခဲ့မိမှာ။ CCTV Spring Festival Gala မို့လေ။ ဒါပေမဲ့ Wang Yibo ကတော့ Wang Yibo ပါဘဲ။ လှစ်ခနဲ့ ပြုံး ရေရွတ်မိပြန်တယ်။ လွမ်းနေမှန်းသိလို့ ကျွန်တော်တို့ လွမ်းနေရတဲ့ Rapper Wang Yibo ကို နှစ်သစ် လက်ဆောင်အဖြစ် သူ ပေးခဲ့လေသလား။ ရူးခါကြဖို့ သူ မရည်ရွယ်။ ဒါပေမဲ့ ကျွန်တော်တို့ မှာ အရူးတပိုင်း။ တချက်တချက် Rap ဆိုရင်း စူထော်လာတဲ့ နှုတ်ခမ်းဖူးဖူးလေးကိုလား။ သူ့ ရဲ့ Rap ရွတ်သံ ကိုလား။ ရူးခါကြစမ်းလို့ အသံတိတ်ပြောနေသလို။ #WangYibo #왕이보 #หวังอี้ป๋อ #王一博 #borntoshine #nsw

January 31, 2025 1.6K 2