စစချင်းက ဖုန်းတစ်လုံးနဲ့ Video Editing ကို စနစ်တကျ လေ့လာချင်တဲ့သူတွေအတွက် ရည်ရွယ်ပြီး ဒီ Class လေးကို စခဲ့တာပါ။
အခုတော့ သင်တန်းသားတွေလည်း တဖြည်းဖြည်းများလာသလို
Class ထဲမှာလည်း Tutorials အသစ်တွေ ထပ်ဖြည့်ပေးနိုင်ဖို့ ပြင်ဆင်နေပါတယ်။
ကျွန်တော်လိုချင်တာက Tutorial တွေကြည့်ပြီး
“Edit လုပ်တတ်သွားပြီ” ဆိုတဲ့အဆင့်မှာပဲ ရပ်သွားဖို့မဟုတ်ပါဘူး။
တကယ် Skill ကျွမ်းကျင်လာပြီး ကိုယ့် Skill နဲ့ ဝင်ငွေရှာနိုင်တဲ့အဆင့်အထိ ရောက်စေချင်တာပါ။
ဒါကြောင့် Skill ကောင်းကောင်းရလာတဲ့ သင်တန်းသားတွေအတွက်
သင်ပေးရုံနဲ့ပြီးတဲ့ Class မဟုတ်ဘဲ
သင်ထားတဲ့ Skill ကို တကယ်အသုံးချနိုင်တဲ့အထိ ခေါ်သွားပေးချင်တာက MotionMix ရဲ့ ရည်ရွယ်ချက်ပါ။
690 ကျော်ကနေ နောက်ထပ် ဘယ်လောက်အထိ အတူတူတိုးတက်သွားမလဲ စောင့်ကြည့်ကြတာပေါ့။



