၂၀၂၆ အသစ်ထွက် ကိုရီးယား ဇွန်ဘီ ဇာတ်ကားကြီး (သို့မဟုတ်)ကိုလိုနီ… — စာတန်းထိုး နိုင်ငံခြားကားများ — TG.ME

Forwarded fromKMK Main
၂၀၂၆ အသစ်ထွက် ကိုရီးယား ဇွန်ဘီ ဇာတ်ကားကြီး (သို့မဟုတ်)ကိုလိုနီ
အကြည်ဗားရှင်း

လက်ရှိ ကြည့်ရှုသူ 5.9 သန်းကျော်နဲ့ 2026 ခုနှစ်ရဲ့ ရုံဝင်သူ အများဆုံး နံပါတ် 2 ကိုးရီးယားရုပ်ရှင်အဖြစ်လည်း ရပ်တည်နေပါသေးတယ်။

ဒီကားကတော့ ‌ကြည့်ဖူးနေကျ ရိုးရိုးဇွန်ဘီကားတွေလို အဓိပ္ပါယ်မရှိတာတွေ လျှောက်လုပ်နေတဲ့ ဇာတ်လမ်းမျိုးမဟုတ်ဘဲ ကူးစက်ခံရတဲ့ကောင်တွေက အသိဉာဏ်ရှိပြီး ဆင့်ကဲပြောင်းလဲနိုင်တဲ့ (Evolving Zombies) ပုံစံမျိုးနဲ့ အသစ်ဖန်တီးထားတာ ဖြစ်လို့ ကြည့်ရတာ အကြိုက်တွေ့ကြပါလိမ့်မယ်။

- ဇာတ်လမ်းအကျဉ်း -

ဆိုးလ်မြို့လယ်က မိုးမျှော်တိုက်ကြီးတစ်ခုမှာ ဇီဝနည်းပညာ ညီလာခံလုပ်နေတုန်း အမည်မသိ ဗိုင်းရပ်စ်တစ်ခု ရုတ်တရက် ပျံ့နှံ့သွားပါတယ်။ အဲဒီအခြေအနေကို ထိန်းချုပ်ဖို့ အာဏာပိုင်တွေက အဆောက်အအုံတစ်ခုလုံးကို အပြင်ကနေ လုံးဝပိတ်လှောင်လိုက်တဲ့အခါမှာတော့ အထဲကလူတွေ အကုန်ပိတ်မိသွားပါတော့တယ်။ အထဲမှာ ပိတ်မိတဲ့အချိန် ကြာလာလေလေ ကူးစက်ခံရသူတွေရဲ့ ဉာဏ်ရည်တွေ လှုပ်ရှားမှုတွေဟာ အလျင်မြန်ဆုံးနဲ့ ဆင့်ကဲပြောင်းလဲလာတဲ့အခါမှာတော့....

ပါ‌မောက္ခ ဂွန်ဆယ်ဂျောင်း (Jun Ji-Hyun) ဦးဆောင်တဲ့ အသက်ရှင်ကျန်ရစ်သူအဖွဲ့ဟာ အသက်ရှင်လျက်နဲ့ အဆောက်အဦထဲကနေ လွတ်မြောက်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းဖြစ်တာမို့ တင်ဆက်ပေးလိုက်ရပါတယ်။


➿➿➿➿➿➿➿➿➿➿➿

😐  ချန်နယ်အရင်ဂျိုင်းပါ 😐


✅ ကြည့်ရန်နှိပ်ပါ ✅

➿➿➿➿➿➿➿➿➿➿➿
📢 ချန်နယ်အရင်ဂျိုင်းပြီး​မှကြည့်ရန်လင့်ကိုနှိပ်ပါ📢
❤1🍓1🤗1
September 6, 2026 313 1