သည်းထိတ်ရင်ဖို ကားမောင်းစတန့်တွေနဲ့ ရှယ်ကြမ်း အက်ရှင်ကားသစ်ကြီး… — စာတန်းထိုး နိုင်ငံခြားကားများ — TG.ME

Forwarded fromKMK Main
သည်းထိတ်ရင်ဖို ကားမောင်းစတန့်တွေနဲ့ ရှယ်ကြမ်း အက်ရှင်ကားသစ်ကြီး (၂၀၂၆)
ーーーーーーーーーーーーーーーーーーー
ဇာတ်လမ်းကတော့ စစ်မြေပြင်ကနေ စိတ်ဒဏ်ရာတွေနဲ့ ပြန်လာခဲ့တဲ့ စစ်ပြန်စစ်သားဟောင်းတစ်ဦးဖြစ်တဲ့ “ရိုင်ယန်” ဆီကနေ စတာပါ။
တစ်နေ့မှာတော့ သူဟာ မမျှော်လင့်ထားတဲ့ အခင်းဖြစ်ပွားမှုတစ်ခုကြောင့် ရာဇဝတ်မှုတစ်ခုမှာ သံသယရှိခံရပြီးနောက် ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ရှောင်ရှားဖို့အတွက် ကားတစ်စီးနဲ့အတူ ပြည်နယ်ဖြတ်ကျော် ထွက်ပြေးရပါတော့တယ်။

“ရိုင်ယန်” တစ်ယောက် ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ပြေးနေချိန်မှာပဲ ရဲတပ်ဖွဲ့တစ်ခုလုံးက သူ့နောက်ကို အင်အားအလုံးအရင်းနဲ့ လိုက်လံပိတ်ဆို့ဖမ်းဆီးကြသလို၊ တစ်ဖက်မှာလည်း တီဗွီသတင်းမီဒီယာတွေကပါ ဟယ်လီကော်ပတာတွေနဲ့ တိုက်ရိုက်ထုတ်လွှင့်ပြသလာတဲ့အခါ နိုင်ငံတစ်ဝန်းက စောင့်ကြည့်နေရတဲ့ အကြီးစား လိုက်တမ်းပြေးတမ်း ကားမောင်းပြိုင်ပွဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပါတော့တယ်။ အချိန်မနှောင်းမီ လွတ်မြောက်အောင် ဉာဏ်ဆင်ပြီး အသည်းအသန် မောင်းနှင်ရမယ့် သည်းထိတ်ရင်ဖို အက်ရှင်ဇာတ်လမ်းကောင်းတစ်ခု ဖြစ်ပါတယ်။



➿➿➿➿➿➿➿➿➿➿➿

✅ ကြည့်ရန်နှိပ်ပါ ✅

➿➿➿➿➿➿➿➿➿➿➿
❤3🍓1🤗1
September 2, 2026 275 1