ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာသာမက နိုင်ငံတော်တော်များများမှာပါ
ရုံဝင်ငွေ အမြောက်အမြား ရရှိထားတဲ့ ဇာတ်ကားကြီး ကြည့်ရကျိုးနပ်စေမှာပါ…
အင်တာနက်ပေါ် ပျံ့နေတဲ့ အကြမ်းဖ၊က်ခြိမ်းခြောက်မှုတစ်ခုကို စစ်ဆေးရင်း သံသယရှိသူဟာ အမေရိကားကိုလေယာဥ်နဲ့ လိုက်ပါသွားပြီဆိုတာကို ကိုရီးယားအာဏာပိုင်တွေ နောက်ကျမှ သိလိုက်ရတယ်အဲ့ဒီ လေယာဥ်မှာပဲ စီးနင်းလိုက်ပါလာတဲ့ ကျန်းကျန်းမာမာ ခရီးသည်တစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ ကြောက်မက်ဖွယ် ေ သဆုံးသွားချိန်မှာတော့ လေယာဥ်တွင်းရော မြေပြင်မှာပါ ထိတ်လန့်မှုတွေ ဖြစ်လာတော့တယ်။တဖြည်းဖြည်းချင်း လျော့နည်းလာတဲ့ လောင်စာဆီအနေအထား၊ နိုင်ငံတကာကလည်းအကူအညီပေးဖို့ ငြင်းပယ်မှုတွေကြောင့် လေယာဥ်မှူးနဲ့ အဖွဲ့သားတွေက ခရီးသည်များကိုကယ်တင်နိုင်ဖို့အတွက် သူတို့ ဘဝမှာ တစ်ကြိမ်တစ်ခါမှ လုပ်ဖူးခြင်း မရှိခဲ့တဲ့အရေးပေါ် လုပ်ဆောင်ချက်ကို လုပ်ဖို့ ဖြစ်လာတဲ့အခါ



