ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅ အနီး Express ယာဉ်တိမ်းမှောက်၍… — ​ရွှေဒုံ​မောင် — TG.ME

Forwarded fromFAFACT CHECK

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၁၅ အနီး Express ယာဉ်တိမ်းမှောက်၍ ခရီးသည် ၂၂ ဦး ဒဏ်ရာရ ===== ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၅ အနီးတွင် စက်တင်ဘာ ၂ ရက် မွန်းလွဲ ၂ နာရီ ၆ မိနစ်ခန့်က ခရီးသည်တင် Express ယာဉ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယာဉ်ပေါ်တွင် စုစုပေါင်း ခရီးသည် ၂၇ ဦး (အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၁၃ ဦး) လိုက်ပါလာခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက် လှည်းကူးမြို့နယ်နှင့် (၁၁) မိုင် အမြန်လမ်း မီးသတ်စခန်းတို့မှ တပ်ဖွဲ့ဝင်များက သွားရောက် ကယ်ဆယ်ခဲ့ကြသည်။ ဒဏ်ရာရရှိသူ အမျိုးသား ၁၄ ဦးနှင့် အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၂၂ ဦးအား ကြက်ခြေနီ သူနာတင်ယာဉ်များဖြင့် လှည်းကူးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။   မင်းခေါင်

September 2, 2026 25