စက်တင်ဘာ ၂ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် ပြည်တွင်းသတင်းများ -------------------------- ၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဇနီး ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ တိုလန်းနှင့် ဇနီးတို့၏ ဖိတ်ကြားချက်အရ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်မည် ၂။ ဒုတိယသမ္မတ ဦးညိုစော ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့မြို့၌ ကျင်းပမည့် (၁၁) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ ၃။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ၍ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေး ၄။ ပြင်ဦးလွင်-ဂုတ်ထိပ် ရထားခရီးစဉ် စက်တင်ဘာ ၅ ရက်မှစ၍ အပတ်စဉ် ပုံမှန်ပြန်လည် ပြေးဆွဲမည် ၅။ ငလျင်အင်အားလျှော့ချမည့် Base Isolation System နည်းပညာ မြန်မာနိုင်ငံတွင် ပထမဆုံး စတင်အသုံးပြု ၆။ PDF အကြမ်းဖက်များက လက်နက်များဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခြင်းကြောင့် မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာမှ အပြစ်မဲ့အရပ်သားပြည်သူ ၁၂ ဦးသေဆုံး ၇။ ဆီဘောက်ဆာနှင့် ကွန်တိန်နာ တိုက်မိရာက ဆီဘောက်ဆာယာဥ် မီးလောင်၊ အနီးရှိ ဘုန်းကြီးကျောင်းပါ ကူးစက် ၈။ စက်တင်ဘာ ၁ ရက်နေ့ စက်သုံးဆီဈေးနှုန်းများမှာ Octane 92 - ၃၇၁၀ ကျပ်၊ Octane 95 - ၃၈၁၅ ကျပ်၊ Diesel - ၄၂၄၀ ကျပ်၊ Premium Diesel - ၅၁၄၀ ကျပ် နိုင်ငံတကာသတင်းများ ------------------------ ၁။ ထိုင်းနိုင်ငံက ဗီဇာကင်းလွတ်ခွင့် နေထိုင်ခွင့်ကို စက်တင်ဘာ ၁၅ ရက်မှစတင်ကာ ရက် ၆၀ မှ ရက် ၃၀ သို့ လျှော့ချမည် ၂။ နီပေါရေဘေးတွင် အမည်မဖော်ထုတ်နိုင်သေးသည့် သေဆုံးသူများကို စတင်မြှုပ်နှံ ၃။ မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီးအသစ် ခန့်အပ်၊ စစ်ဘက်ခေါင်းဆောင်ပိုင်း အပြောင်းအလဲပြုလုပ် ၄။ တရုတ်နဲ့ ဗီဇာကင်းလွတ်ခွင့်ပေးရေး၊ ယူကရိန်း ငြိမ်းချမ်းရေး - ပူတင် တရုတ်နဲ့ အိန္ဒိယ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ၅။ အီရန်ကို ဆက်ပြီး တိုက်ခိုက်သွားနိုင်တယ်လို့ ထရမ့် ပြော ပြန် ၆။ ကာဇက်စတန်သမ္မတ တိုခါယက်ဗ်က ၎င်း၏ ဝါရင့်အကြံပေးကို ဒုတိယသမ္မတအဖြစ် ခန့်အပ် အားကစားသတင်းများ ------------------------ ၁။ M League ပြိုင်ပွဲ ပွဲစဉ် (၁) တွင် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ဧရာဝတီယူနိုက်တက်နဲ့ ဒဂုံစတားယူနိုက်တက်အသင်းတို နိုင်ပွဲကိုယ်စီ ရရှိထား ၂။ အာဂျင်တီးနားအသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး မက်ဆီက လက်ရွေးစင်ကစားသမားဘဝကနေ အနားယူပြီဖြစ်ကြောင်း ကြေညာခဲ့ ၃။ မန်စီးတီးအသင်းက ပါးလ်မီးရပ်စ်အသင်းကနေ ခေါ်ယူခဲ့တဲ့ ဘရာဇီးလ်တောင်ပံကစားသမား အယ်လန်ကို ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ ၄။ လီဗာပူးလ်အသင်းက PSG အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ဘာကိုလာကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာ ၅။ ပရီးမီးယားလိဂ်အသင်းတစ်သင်းထံ အငှားနဲ့ပြောင်းရွှေ့ကစားဖို မူဒရစ် ဆန္ဒရှိနေ အနုပညာသတင်းများ ------------------------ ၁။ ဘဝနာတဲ့အကြောင်းသာ Drama ခင်းပြလိုက်ရင် အကယ်ဒမီတောင် ရသွားနိုင်တယ်ဆိုတဲ့ Ella May ၂။ ကျိန်စာတွေ သစ္စာဆိုတာတွေက လူတိုင်းဆိုကြတာမို ဆင်နေတာတွေရှိကြပါတယ်ဆိုတဲ့ အောင်ရေချမ်း ၃။ ဆယ်လီစိုက်ပျိုးရေးက နွားလှည်းမောင်းခိုင်းမယ်ထင်လို နွားလှည်းမောင်းပြီးရော ထော်လာဂျီတွေစီးခိုင်းတာဆိုတဲ့ ရှင်မွေလ ၄။ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ "သစ္စာဖြူဖြူ" ဇာတ်လမ်းတွဲကန်တော့ပွဲပေး အခမ်းအနားကျင်းပခဲ့ ၅။ စက်တင်ဘာ ၂ ရက်မှာ ထုတ်လွှင့်ပြသမယ့် “မုန်းမာန်ငြိုး” ရုပ်သံဇာတ်လမ်းတွဲ Media မိတ်ဆက်ပွဲအခမ်းအနားကျင်းပခဲ့ #News #mmdbn https://t.me/dbnchannel https://www.mmdbnchannel.com/ https://www.youtube.com/@DailyBriefNews-k3d
စက်တင်ဘာ ၂ ရက်နေ့ နံနက်ခင်း သတင်းအနှစ်ချုပ် ပြည်တွင်းသတင်းများ… — ရွှေဒုံမောင် — TG.ME
Forwarded fromMyanmar Daily Brief News
September 2, 2026 23