"အလုပ်လည်း အောင်မြင်ချင်တယ်၊ အချစ်လည်း ရှာချင်တယ်၊ ဒါပေမဲ့ ဘဝက Drama တွေပဲ လာပေးနေတဲ့အခါ... 🙄 ရုံးသမားလူငယ်တွေရဲ့ ကသောင်းကနင်းဘဝအကြောင်းဇာတ်လမ်းထဲမှာ အခန်းဖော် သူငယ်ချင်းသုံးယောက်ဖြစ်တဲ့ Davis၊ Josh နဲ့ Kel တို့ဟာ အသီးသီးမတူညီတဲ့ ရည်မှန်းချက်တွေ ရှိကြပါတယ်။ Davis က ဂုဏ်သိက္ခာကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဘဏ် (Fisher Stassen) တစ်ခုမှာ အလုပ်လုပ်တဲ့ ဘဏ္ဍာရေးလေ့လာဆန်းစစ်သူ (Financial Analyst) ဖြစ်ပြီး၊ Josh ကတော့ မီဒီယာကုမ္ပဏီပိုင်ရှင် သူဌေးကြီးရဲ့သားဖြစ်ပေမယ့် သတင်းထောက်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေသူပါ။ Kel ကတော့ ဆေးကျောင်းတက်နေပေမယ့် သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ သူ့ရဲ့အိပ်မက်ကို တိတ်တဆိတ် အကောင်အထည်ဖော်နေသူတစ်ဦး ဖြစ်ပါတယ်။
သူတို့ရဲ့ မျက်နှာချင်းဆိုင်အခန်းမှာတော့ နာမည်ကြီး ဖက်ရှင်စတိုင်လစ် (Stylist) တစ်ယောက်ရဲ့ လက်ထောက်ဖြစ်တဲ့ Abby (Avantika) နဲ့၊ Davis အလုပ်လုပ်တဲ့ ဘဏ်မှာပဲ အလုပ်သစ်ရထားတဲ့ အခန်းဖော် AJ (Ella Hunt) တို့ နေထိုင်ကြပါတယ်။ ဒီလူငယ်ငါးယောက်ရဲ့ အလုပ်ခွင်က အခက်အခဲတွေ၊ အချစ်ရေး၊ သူငယ်ချင်း သံယောဇဉ်နဲ့ ကိုယ်ပိုင်ဘဝပျော်ရွှင်မှုတွေကို ရှာဖွေပုံတွေကို ဟာသနှောပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။
"Not Suitable for Work" ဟာ တက္ကသိုလ်ကျောင်းပြီးခါစ အသက် ၂၀ ကျော် လူငယ်တွေ လက်တွေ့ဘဝထဲ ဝင်ရောက်လာချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ပေါ့ပေါ့ပါးပါးနဲ့ ထင်ဟပ်ပြထားတဲ့ စီးရီးတစ်ခုပါ။ လုပ်ငန်းခွင်က ဖိအားတွေ၊ မိသားစု မျှော်လင့်ချက်တွေနဲ့ ကိုယ့်ဝါသနာကို ရွေးချယ်ရတဲ့ လမ်းဆုံလမ်းခွတွေကို လူငယ်တွေ သဘောကျမယ့် ဟာသပုံစံမျိုးနဲ့ တင်ဆက်ထားပါတယ်။
ရုံးလုပ်ငန်းခွင်နောက်ခံ ဟာသကားတွေနဲ့ လူငယ်တွေရဲ့ ဘဝရုန်းကန်မှုတွေကို ပေါ့ပေါ့ပါးပါး ကြည့်ရှုချင်သူတွေအတွက် ...
စီးရီးချန်နယ်👇
https://t.me/Mnote07/3914?single
https://t.me/Mnote07/3914?single



