ချစ်ခြင်းမေတ္တာရဲ့ တန်ဖိုးနဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်မယ့် 'The Last Thing He Told Me' စီးရီးလေးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အတူတူ ကြည့်ရှုလိုက်ကြရအောင်နော်...ဟန်နာဟာ အိုဝင်ဆိုတဲ့ ကုဒ်ရေးတဲ့ နည်းပညာသမားနဲ့ လက်ထပ်ဖြစ်ခဲ့ပြီးတော့ ဘေလီဆိုတဲ့ ဝမ်းမနာ သမီးတစ်ယောက်လည်း အဆစ်ပါလာခဲ့ပါတယ်။ ဟန်နာဟာ ဘေလီအတွက် အမေရင်းတစ်ယောက်လို ဖြစ်နိုင်ဖို့ ကြိုးစားရင်း၊ သူ့ယောက်ျားအိုဝင်ကိုလည်း လိုအပ်တာဖြည့်ဆည်းရင်းနဲ့ ဇနီးကောာင်း၊ မိခင်ကောင်းတစ်ယောက်ဖြစ်အောင် ဘဝကို သာမန်အတိုင်း ဖြတ်သန်းနေခဲ့ပါတယ်။
တစ်နေ့မှာတော့ သူ့ယောက်ျား အိုဝင်ဟာ ဆိုင်းမဆင့် ဗုံမဆင့် မပြောမဆိုနဲ့ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။ သူအလုပ်လုပ်တဲ့ကုမ္မဏီကလည်း ငွေကြေးအရှုပ်အရှင်းတွေကြောင့် အက်ဖ်ဘီအိုင်ကပါ ဝင်ဖမ်းရလောက်တဲ့အထိ ဖြစ်လာတဲ့အခါ သူ့ယောက်ျား အိုဝင်က ဘာလို့ ပျောက်ကွယ်သွားရတာလဲ၊ ထွက်ပြေးသွားတာလား၊ ဖမ်းခံရတာလား၊ ဘာတွေလုပ်ထားခဲ့တာလဲဆိုတာကို ဟန်နာနဲ့ ဘေလီ နှစ်ယောက်သား အဖြေရှာရတဲ့အကြောင်း..
စီးရီးချန်နယ်👇
https://t.me/Mnote07/3883?single
https://t.me/Mnote07/3883?single





