Outlander ရဲ့ prequel ထွက်လာပါပြီ။ Prequel ဆိုတော့ ဂျေမီနဲ့ ကလဲရ်တို့ရဲ့ မိဘတွေခေတ်ပေါ့။
ကလဲရ်နဲ့ ဂျေမီတွေ့ဆုံမှုက သူတို့မိဘတွေလက်ထက်ထဲက စတင်ခဲ့တာဖြစ်နေမလား။ ကံကြမ္မာလို့ပဲပြောရမလား။ Outlander S1 မှာသိထားသလောက် ကလဲရ်မိဘတွေက သူငယ်ငယ်ထဲက ကားအက်ဆီးဒန့်ဖြစ်ပြီးဆုံးသွားလို့ သူက သူ့ဦးလေးရဲ့စောင့်ရှောက်မှုအောက်မှာကြီးပြင်းလာခဲ့သူပါ။ ကလဲရ်မိဘတွေက အက်ဆီးဒန့်ဖြစ်ခဲ့တာ စကော့တလန်မှာပါ။
အဲ့တော့ သူတို့တကယ်သေသွားခဲ့တာမဟုတ်ရင်ရော။ ကလဲရ်လိုပဲ အချိန်ခရီးသွားခဲ့တာဆိုရင်ရော။
တစ်ဖက်မှာလဲ ဂျေမီ့မိဘတွေအကြောင်းကလဲ စိတ်ဝင်စားစရာပါပဲ။ ဂျေမီ့အမေအယ်လန်က မက်ကန်းဇီးမျိုးနွယ်ရဲ့သမီးကြီး။ ထက်မြက်လွန်း အဖေကချစ်ခင်လွန်းပေမယ့် မိန်းကလေးဖြစ်နေတာကြောင့် ဘယ်လိုမှ မျိုးနွယ်စုခေါင်းဆောင်မဖြစ်နိုင်သူ။
ဂျေမီ့အဖေ ဘရိုင်ရန်ကတော့ မက်ကန်းဇီးတွေနဲ့ လုံးဝမတည့်တဲ့ ဖရေဇာမျိုးနွယ်က သခင်လက်ဗက်ရဲ့မျိုးမစစ်သား။ သူတို့အချစ်ရေးကလဲ ချောမွေ့မှာတော့မဟုတ်ပါဘူး...
စီးရီးချန်နယ်👇
https://t.me/Mnote07/3855?single
https://t.me/Mnote07/3855?single







