Azize (2019)တူရကီ⭐️ 📱 8.9 တူရကီစီးရီးကောင်းတွေကိုမှ… — MoviesNote(Main Reviews) — TG.ME

⭐️Azize (2019)တူရကီ⭐️
📱 8.9

တူရကီစီးရီးကောင်းတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် Azize (2019) ဟာ အမုန်းတရား၊ ကံကြမ္မာနဲ့ အချစ်တို့ ရောယှက်နေတဲ့ Drama စီးရီးကောင်းတစ်ခု..

ဇာတ်လမ်းအကျဉ်း
Melek (Hande Erçel) ဆိုတဲ့ မိန်းကလေးဟာ ငယ်စဉ်ကတည်းက သူမရဲ့ မိသားစုကို ဖျက်ဆီးခဲ့တဲ့ အင်အားကြီး Alpan မိသားစုအပေါ် ကမ္ဘာမီးလောင်မယ့် အငြိုးတွေနဲ့ ကြီးပြင်းလာခဲ့သူပါ။ သူမဟာ သူမရဲ့ နာမည်ရင်းကို ဖျောက်ဖျက်ပြီး Azize ဆိုတဲ့ နာမည်သစ်၊ ဝိသေသအသစ်နဲ့ အဲဒီမိသားစုထဲကို သူနာပြုတစ်ယောက်အနေနဲ့ ဝင်ရောက်ကာ လက်စားချေဖို့ ကြိုးစားပါတော့တယ်။
ဒါပေမဲ့ သူမ မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတစ်ခုကတော့... အဲဒီမိသားစုရဲ့ သားဖြစ်သူ၊ ဖြူစင်တဲ့နှလုံးသားရှိတဲ့ Kartal (Bugra Gülsoy) နဲ့ ဆုံတွေ့မိတဲ့အခါမှာတော့ သူမရဲ့ လက်စားချေမယ့် စိတ်ကူးတွေနဲ့ နှလုံးသားရေးရာတွေကြားမှာ အကြီးအကျယ် ဗျာများရပါတော့တယ်။

မင်းသမီးချော hande Erçelကို ချစ်စရာကောင်းတဲ့ ပုံစံမျိုးမဟုတ်ဘဲ၊ တည်ငြိမ်ရင့်ကျက်ပြီး အတွင်းစိတ် နာကျင်မှုတွေပြည့်နေတဲ့ Azize အဖြစ် မြင်တွေ့ရမယ့်

စီးရီးချန်နယ်👇

https://t.me/Mnote07/3719?single
https://t.me/Mnote07/3719?single
September 3, 2026 350 1