Golden Kamuy The Abashiri Prison Raid ( 2026 ) ဇာတ်လမ်းအကျဉ်း… — 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐌𝐨𝐯𝐢𝐞𝐬 — TG.ME

Golden Kamuy  The Abashiri Prison Raid ( 2026 )

ဇာတ်လမ်းအကျဉ်း  ဒီကားမှာတော့ အိုင်နူ (Ainu) လူမျိုးတွေရဲ့ ရွှေတွေအကြောင်းကို သိထားတဲ့ တစ်ဦးတည်းသောလူ Noppera-bo ရှိနေတဲ့ Abashiri အကျဉ်းထောင်ကြီးဆီကို အဓိကဇာတ်ကောင် ဆူဂီမိုတို (Sugimoto) နဲ့ အာရှိရ်ပါ (Asirpa) တို့ ရောက်သွားကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဒီအကျဉ်းထောင်ကြီးက သာမန်ထောင်မဟုတ်ဘဲ အလွန်အန္တရာယ်များတဲ့ ရာဇဝတ်ကောင် ၇၀၀ လောက်ကို လုံခြုံရေးအထပ်ထပ်နဲ့ ဖမ်းဆီးထားတဲ့ နေရာကြီးတစ်ခုပါ။ ရွှေကိုလိုချင်နေကြတဲ့ အုပ်စု ၃ စုဖြစ်တဲ့ ဆူဂီမိုတိုတို့အဖွဲ့၊ ဗိုလ်ကြီး ဆူရူမီ (Tsurumi) ဦးဆောင်တဲ့ တပ်မ (၇) နဲ့ ဟီဂျီကာတာ (Hijikata) ရဲ့အဖွဲ့တို့ဟာ ဒီအကျဉ်းထောင်ကြီးထဲမှာ ထိပ်တိုက်တွေ့ကြပြီး အကြိတ်အနယ် တိုက်ခိုက်ကြမယ့် အပိုင်းဖြစ်ပါတယ်။ အာရှိရ်ပါ ရဲ့ အဖေအကြောင်း ဖုံးကွယ်ထားတဲ့ အမှန်တရားတွေကရော ဘာတွေဖြစ်မလဲဆိုတာကိုပါ စိတ်ဝင်စားစရာ ကြည့်ရမှာပါ။ ရှေ့ကားတွေလိုပဲ နှင်းတောထဲက အက်ရှင်အခန်းတွေ၊ ရှင်သန်ရေးအတွက် ရုန်းကန်ရတာတွေက ပိုပြီးကြမ်းလာ၊ ပိုပြီးမိုက်လာပါတယ်။ အကျဉ်းထောင်ဖောက်တဲ့ အခန်းတွေက တော်တော်လေး ရင်ခုန်စရာကောင်းပါတယ်။

ဇာတ်ကားကြည့်ရန် 𝐌𝐨𝐯𝐢𝐞 𝐋𝐢𝐧𝐤 👇

telegram.me/mmsub2026/407
❤7😘7😍6👍2🥰1
July 14, 2026 5.7K 1