(လူကြီးကြည့် ဟာသကားမျိူးပါ) 🔺🔺🔺
ーーーーーーーーーーーーーーーーーーー
မင်းသားကြီး ဂျွန်စီနာ(ရပ်ဒ်) အလွန်အောင်မြင်နေတဲ့၊ စည်းကမ်းကြီးတဲ့ အိမ်ခြံမြေပွဲစား သူဌေးကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ မားကပ်စ် ဆိုတဲ့ ကောင်တစ်ယောက် ရုတ်တရက် ရောက်လာပါတော့တယ်။
တကယ်တော့ မားကပ်စ် ဆိုတာ သူ့ရဲ့ သွေးသားရင်းချာ ညီအရင်း မဟုတ်ပါဘူး။ ရပ်ဒ် ဆယ်ကျော်သက်အရွယ်တုန်းက လူငယ်စောင့်ရှောက်ရေး အစီအစဉ်တစ်ခုမှာ သူနဲ့ တွဲဖက်ပေးခံခဲ့ရတဲ့ ကောင်လေးပါ။ ဒါပေမယ့် စိတ်ကျန်းမာရေးဆေးရုံကနေ ဆင်းလာတဲ့ မားကပ်စ်ကတော့ ရပ်ဒ်ကို သူ့ရဲ့ အစ်ကိုအရင်းကြီးလို့ကို ထင်နေတာပါ။ ရပ်ဒ်ရဲ့ ဇနီးသည်က သနားပြီး မားကပ်စ်ကို အိမ်မှာ ပေးနေလိုက်ရာကနေ၊ စည်းကမ်းကြီးတဲ့ ရပ်ဒ်ရဲ့ဘဝထဲကို ဂြိုလ်ဆိုးဝင်သလို ဗြောင်းဆန်သွားပါတော့တယ်။
ချုပ်ပြောရရင် ပေါ့ပေါ့ပါးပါးနဲ့ အားရပါးရ ရယ်မောချင်သူတွေအတွက် သင့်လျော်တဲ့ကားလေးပါ။
Channelအရင်joinပါ
ဇာတ်ကားကြည့်ရန်


