မိစန္ဒီ ရဲ့ သီချင်းဟောင်းလေး ဖြစ်တဲ့ အလွမ်းရဲ့ ထုထည် သီချင်းလေးကို party mix version အမြူးလေး ကို ခုလာမယ့် သောကြာနေ့မှာ ပရိတ်သတ်တွေကို လက်ဆောင်ပေးချင်ပါတယ်..
တကယ်တော့ ဒီ version ကို သင်္ကြန်မတိုင်ခင်မှာ တင်ပေးဖို့ လုပ်ထားတာပါ.. သင်္ကြန်မှာ သီချင်းဆိုရင် ဒီ version လေး ဆိုဖို့ ပြန်တီး ပြန်ဆိုရင်း ပရိတ်သတ်တွေလည်း နားထောင်ရအောင် .. မထူးဘူး တင်ပေးမယ်ဆိုပြီး လုပ်ထားခဲ့တာဖြစ်ပါတယ်..
ဒါပေမယ့် ငလျင်ဖြစ်ပြီး သကြင်္န်လည်း မဆိုဖြစ်တော့ တင်လည်း မတင်ဖြစ်ခဲ့ပါဘူး.. အခုမှ အကြွေးကျန်နေတာလေး တင်ပေးဖြစ်တာပါ.. ခုလာမယ့် Friday 16th May ညလေးမှာ streaming တွေမှာ နားထောင်လို့ရပါပြီ..
TGIF လက်ဆောင်လေးပေါ့နော်..
အသဲကို မြူးမြူးလေး ကွဲကြတာပေါ့ 😍
ဒီလ ဒီ သီချင်းလေးထွက်ပြီးရင် နောက်လ June မိစန္ဒီ birthday က စပြီး သီချင်းသစ်တွေ တန်းစီ ထွက်တော့မှာ ပါလို့ 😙😙😙😍😍😍
အားပေးကြပါဦးနော် 🫶🏻🫶🏻🫶🏻
28May 14, 2025 1.2K 12