မျက်ရည်တွေရဲ့ အလွန်မှာ
ဘာရှိသလဲ မောင် ။
ချစ်သင့် ချစ်ထိုက်လို့
မောင့်ကို ကျွန်မ ချစ်ခဲ့တယ် ။
လွမ်းသင့် လွမ်းထိုက်လို့
မောင့်ကို ကျွန်မ လွမ်းနေရတယ် ။
မေ့သင့် မေ့ထိုက်ရင်တောင်
မေ့မရသူဟာလည်း
မောင်ဖြစ်ခဲ့တယ် ။
-နေရည်မင်းလွင်

8
3
1
1August 26, 2026 1.3K 7