"တစ်စုံတစ်ယောက်ဆီသို့"
ဒီစာလေးကို စိတ်ရှည်ရှည်ထားပြီ ဖတ်စေချင်ပါတယ်။ ဘာလို့ဆို ခံစားချက်ကိုသိစေချင်ယုံပါ။ အစကနေ အဆုံးထိ ဖတ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
ကိုယ်က အထိအရှလွယ်တဲ့လူတစ်ယောက်ပါ တစ်ခုခုဆိုရင် အတွေးလွန်တယ်။
အဲ့အတွေးနဲ့ ကိုယ့်ကိုကို ပြန်နိုပ်ဆက်နေမိတယ်။
ကိုယ့်ချစ်တဲ့သူနဲ့ စကားများရန်ဖြစ်ရင် လွယ်လွယ်လေးနဲ့ မျက်ရည်ကြတက်တယ်။
သူများအရှေ့ဆိုရင်တော့ ကိုယ့်ကအသန်မာဆုံးလူလို့ ထင်အောင် ဟန်ဆောင်ပြီး နေတက်တယ်။
သူများတွေ မသိအောင် အမြဲတမ်းဘာမှမဖြစ်သလိုနေရတာ ပင်ပန်းတယ်...
ရင်ထဲမှာ မွန်းကြပ်နေတယ်။
သူများအမြင်မှာ ငါကအမြဲတမ်းပျော်"ရွှင်"နေတက်တယ်။
တကယ်တန်းကြတော့ တကယ်ပျော်နေလို့တော့ မဟုတ်ဘူး ဟန်ဆောင်မူနဲ့ ပျော်နေတာ ဘယ်သူမှသိမယ်မထင်ပါဘူး ဘာလို့ဆို ငါကိုတကယ်ချစ်ပြီ အရိပ်တကြည့်ကြည့်နဲ့စောင့်ကြည့်နေသူ မရှိဘူးလေ...
ရင်ထဲမှာ ဘာတွေရှိနေမဲ့ ဘယ်သူမှမသိကြဘူး ပင်ပန်းလိုက်တာ ဟန်ဆောင်ပြီနေတာကိုပေါ့
သံယောဇဥ်ကို မထောက်ဘဲ မင်းလုပ်ရက်နိုင်သွားတာ အံ့သြမိပါတယ်။
အချိန်တွေသာ နောက်ပြန်ဆုတ်လို့ရရင်လေ...
မင်းနဲ့အတူတူရှိခဲ့တဲ့အချိန်ကို ပြန်သွားချင်တယ်။
ဘာလို့ဆို မင်းနဲ့အတူတူရှိခဲ့အချိန်တွေက အရမ်းကိုပျော်စရာကောင်းတယ်။
အတူတူငြင်းခုန်ခဲ့တယ်။ အတူတူပျော်ခဲ့တယ်။ Game မှာ အတူတူ ဆေးထိုးခဲ့တယ်။ အတူတူ နောက်ပြောင်ခဲ့တယ်။ အတူတူအတင်းတွေ တုတ်ခဲ့တယ်။ အတူတူရယ်မောခဲ့တယ်။ အတူတူနားလည်မူရှိခဲ့တယ်။ အတူတူချစ်ခဲ့တယ်။
အဲ့အချိန်တုန်းက တစ်ယောက်ကိုတစ်ယောက် အပေးအယူနဲ့တည့်နေခဲ့ကြတယ်နော်။
မင်းနဲ့အတူတူရှိခဲ့အချိန်တွေက အရမ်းကိုတိုတောင်းလွန်းခဲ့တယ်။ အရမ်းလွမ်းတယ်။ မင်းရော လွမ်းနေမလား။
ကျန်းမာရေး ဂရုစိုက်ပါနော်။ အပြင်သွားရင် ဂရုစိုက်သွားနော်။ ကိုယ်စိတ်ပူပြီး ပြောခဲ့စကားတွေကို သတိရပါနော်။ အရင်ကလို ဂရုစိုက်ပေးချင်ပင်မဲ့ ဂရုစိုက်ပေးလို့မရတော့ဘူးလေ ဒါကိုမင်းလဲသိမှာပါ။
မင်းကိုအဝေးကနေဘဲ စောင့်ကြည့်နေတယ်နော်။
#Donna
12
5August 15, 2026 2.3K 1 13