ငါက နံရံကို လက်သီးနဲ့ ထိုးရင်တောင်
မင်းက နံရံမှာ ဘာအပြစ်ရှိလို့လဲလို့ ပြောမှာ။
ငါ သိတယ်။
မင်းရဲ့စာနာနွေးထွေးမှုတွေက
ငါကလွဲရင် အားလုံး ရကြတယ်ဆိုတာ။
ကမ္ဘာဟာ သူနည်းသူ့ဟန်နဲ့ ပျော်ကြပါစေ
ငါမပါလည်း ရတယ်။ ။
- ဘုန်းပြည့်စုံမင်း
12
10
9August 9, 2026 2.7K 7