ညမနက်ကို အမြဲလွဲနေသူက ‎စားနေကျဆိုင်လေးကို သတိရတယ်။… — 𝗠𝗜𝗟𝗞𝗦𝗛𝗔𝗞𝗘 — TG.ME

ညမနက်ကို အမြဲလွဲနေသူက
‎စားနေကျဆိုင်လေးကို သတိရတယ်။
‎ထိုင်နေကျနေရာလေးကို သတိရတယ်။
‎ဟိုးမားရဲ့ အဲပစ်ကဗျာတွေကို သတိရတယ်။
‎ပါးကွက်ကလေးနှစ်ဖက်
‎အနားသတ်တွေမညီတာကို သတိရတယ်။
‎လွမ်းတဲ့စိတ်နဲ့သာ အိပ်မနေရင်
‎ငါအခု အသက်မရှိတော့ဘူး။
‌‎နတ်သူရဲတွေရဲ့ အရှိန်အ၀ါနဲ့
‎အဲ့ဒီ့ကောင်းကင်ကို ဘယ်သူတွေ
‎အပိုင်ရထားကြသလဲ။
‎ငါကအမြဲ ကြွေရသူဆိုတော့
‎မြေပြင်ကို ပိုပြီး ခင်​တွယ်တယ်။

‎-ရွက်လှေ
❤10
August 9, 2026 2.7K 2