ချောက်ကမ်းပါးအစွန်းကနေ
ရပ်ကြည့်နေခဲ့တဲ့ နေဝင်ချိန်
သိပ်လှတာပေါ့ Elena.
Horizon တခွင် ပြေးလွှားနေတဲ့
တိမ်ရိုင်းတွေကို ဖမ်းဆုပ်ချင်မိတဲ့ cowboy ရဲ့ စိတ်ကူး။
သူရူးရဲ့အိပ်မက်။
နောက်ဆုံးကျည်တစ်ချက်ဟာ
အပြစ်ကင်းလှပါတယ် Elena.
ဒါဟာ ကိုယ့်အတောင်ကို ဖြည်ချခြင်းပါပဲ။
ငှက်တွေဟာ ပျံရင်းနဲ့သေဆုံးကြသတဲ့
ထွေးပွေ့ခဲ့တဲ့ပင်လယ်
နမ်းရှိုက်ခွင့်မရှိတဲ့ပန်းတစ်ပွင့်မှာ
မင်းနာမည်တော့မပါချင်ဘူး။
လွင်ပြင်တွေပေါ့ Elena
ဒီနေရာမှာဆိုရင် လေညင်းရဲ့ဂီတကိုငါတွေ့ရတယ်။
ဒါဟာ ပင်လယ်ပဲပေါ့။
မြက်ခင်းပြင်ရဲ့ ကြိမ်နှုန်းမှာ
နစ်ဝင်ခြင်းသဘောတွေမပါဘူး။
ပင်လယ်ဟာ ငန်တယ်တဲ့
တစ်ရာ့တစ်ကြိမ်မြောက်ဖြောင့်ချက်မှာလည်း
ငါးလေးတွေဟာ ပျော်နေဆဲပါပဲ။
ပင်လယ်ဟာ ဘက်လိုက်မှုသိပ်ကင်းတယ် Elena.
တိုးဝင်ချင်တဲ့ အရာမှန်သမျှကို
အနက်ရှိုင်းဆုံးမှာသိမ်းဆည်းတယ်။
ချောက်ကမ်းပါးအစွန်းကနေ ရပ်ကြည့်နေခဲ့တဲ့ နေဝင်ချိန်ပေါ့။
-ထက်အရုဏ်
9August 2, 2026 3.1K 4