通过Viber和Telegram持续出现网络赌博广告及恐吓事件 缅甸多地(包括克钦邦)的手机用户频繁遭遇通过Viber和Telegram发送… — 每日缅甸新闻|东南亚新闻|吃瓜|亚太|爆料 — TG.ME

#通过Viber和Telegram持续出现网络赌博广告及恐吓事件

缅甸多地(包括克钦邦)的手机用户频繁遭遇通过Viber和Telegram发送的网络赌博广告、诈骗链接及恐吓勒索。

受害者涵盖各个年龄段,不仅个人隐私和信息遭到泄露,日常生活、KPay账户安全甚至名誉也受到严重威胁。

民众对此深感困扰,并呼吁通讯部门采取有效措施解决信息安全问题。


原文:
Viber ၊Telegram မှတဆင့် အွန်လိုင်းလောင်းကစားကြော်ငြာများနှင့် ခြိမ်းခြောက်မှုများဆက်တိုက်ဖြစ်နေ
____
စက်တင်ဘာ(၁)၊ မိုးညှင်း

ရေပန်းစားတဲ့ ဆက်သွယ်ရေးလူမှုကွန်ရက်တွေဖြစ်တဲ့ Viber နဲ့ Telegram (တယ်လီဂရမ်) တွေကနေအွန်လိုင်းလောင်းကစား (ဂိမ်း)ကြော်ငြာတွေနဲ့ စာတိုပေးပိုမှုတွေအပြင် ခြိမ်းခြောက်ခံရမှုတွေဟာ နေ့စဉ်ကြုံတွေ့လာရတယ်လို ဒေသတွင်းက မိုဘိုင်းဖုန်းသုံးစွဲသူတွေက ပြောပြမှုတွေရှိနေပါတယ်။

ဒီလိုကိစ္စရပ်တွေဟာ လူကြီးလူငယ်မရွေး Sim Card (ဆင်းကဒ်) ထည့်သွင်းထားသူအားလုံး ကြုံနေကြရကာ စိတ်အနှောင့်အယှက်ဖြစ်မှုတွေသာမက လှုမှုဘဝထိခိုက်တာတွေပါ ဖြစ်လာနေကြောင်း ဆိုကြပါတယ်။

"ဦးလေးတောင်မသိလို ခြိမ်းခြောက်ခံရသေးတယ်၊ ဘန်ကောက်ကလိုပြောတာပဲ လာမိတ်ဆက်တာ၊ဦးလေး Viber ထဲကို မက်ဆေ့က ခနခနဝင်နေလို လှမ်းမေးလိုက်တာပါ ၊သူတိုပြောခဲ့တာတော့ မြန်မာနိုင်ငံအွန်လိုင်းအေဂျင်စီတဲ့ တရားဝင်ဆိုပြီးပြောတာ၊ (Link) လင့်တွေကို နှိပ်ခိုင်းတာ ဆက်ဆက်ပြီးနှိပ်ခိုင်းတာ၊ အဲလိုနဲ့ နှစ်ရက်သုံးရက်ကြာတော့ ပြဿာနာပေါ်လာပြီ၊ အချိန်ပြည့် ညလည်းမအိပ်ရဘူး ခလုတ်(Link)တွေ၊ ဆော့ဝဲလ်တွေကို နှိပ်ခိုင်းနေတာ။" လို အသက်(၅၀)ကျော်အရွယ် ၊ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပြပါတယ်။

အခုလပိုင်းတွေထဲ အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်တဲ့ပုံစံတွေက "ပြောချင်တာတစ်ခုရှိလို " ဆိုတဲ့စာတိုကဲ့သိုသော မက်ဆေ့များပေးပိုခြင်း၊ ဂိမ်းကြော်ငြာများကို ဖုန်းနံပါတ်အမျိုးမျိုးဖြင့် ပေးပိုခြင်းအပြင် Facebook ပေ့ချ် ၊ Online shop (အွန်လိုင်းစျေးဆိုင်)တွေရဲ့ Live Sale (လိုက်ဖ်လွင့်) ရောင်းချမှု comment( မှတ်ချက်) အောက်ကနေ ဝယ်သူတွေကို ဆိုင်ရှင်အသွင်ယူလိမ်လည်ငွေလွှစေခြင်းများ ပြုလုပ်ခံနေကြရတာပါ။

“ တစ်ချိုတွေက တိုးတိုးတိတ်တိတ်နဲ့ ပြီးသွားကြတာ အလိမ်ခံရတာတွေပေါနေတယ်။ မှော်ထဲမှာလည်းအများကြီး ပိုဆိုးတယ်၊ ဘာမှနားမလည်ကြတဲ့သူတွေက ပိုခံရတာပါ့၊ Viber ကို ဖျက်ထားလိုက်ပြီ၊ မသုံးတော့ဘူးရှုပ်လို၊ KPay အကောင့်တော့သူတိုဝင်သွားလို အကောင့်ရှင်းထားလိုက်ပြီ အကုန်ပြန်ဖောက်ရမှာ" လို ဖားကန့်ဒေသခံတစ်ဦးက ဆိုပါတယ်။

အခုလို ကျားဖြန့်လိုခေါ်တဲ့ ငွေကြေးလိမ်လည်မှုအမျိုးမျိုးထဲမှာ လိမ်လည်သူတွေက လိမ်လည်ခံရသူတွေရဲ့ရုပ်ပုံတွေကို မျိုးစုံအကြောင်းပြကာ အွန်လိုင်းပေါ်လူသိရှင်ကြား ဖြန့်ဝေပြီး ခြိမ်းခြောက်ငွေညှစ်တောင်းခံမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

ကချင်ပြည်နယ်အပြင် တစ်နိုင်ငံလုံးက နေရာအနှံအပြားမှာ ဒီလိုပြဿနာတွေကို ကြုံနေကြရတာဖြစ်ပြီး အွန်လိုင်းသုံးစွဲသူများက ဆက်သွယ်ရေးဝန်ကြီးဌာနကို ဝေဖန်မှုတွေလည်းရှိနေသလို ဖုန်းနံပါတ်၊ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုတွေနဲ့ပတ်သက်လို ဖြေရှင်းပေးဖိုကိုလည်း တောင်းဆိုမှုတွေရှိနေပါတယ်။



关注频道 @meiri6
💋投稿爆料: @xioajia

🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩🤩
香港六合彩特码49倍|真人返水1%|电子/棋牌/捕鱼返水1.5%|十三水/德州 无抽佣|百家乐真人视讯台红30万U
❤1
September 1, 2026 2.1K