မန္တလေးတွင် ကားပေါ်သို့ သစ်ပင်လဲကျ၍ အမျိုးသားတစ်ဦး ပိတ်မိဒဏ်ရာရ… — MDY image✍️ — TG.ME

မန္တလေးတွင် ကားပေါ်သို့ သစ်ပင်လဲကျ၍ အမျိုးသားတစ်ဦး ပိတ်မိဒဏ်ရာရ

မန္တလေး၊ စက်တင်ဘာ ၉

ယနေ့ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီ ၁၇ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ (၃၄) လမ်း၊ (၈၅) လမ်းနှင့် (၈၆) လမ်းကြား၌ ရပ်ထားသည့် မော်တော်ယာဉ်ပေါ်သို့ သစ်ပင်လဲကျခဲ့ရာ ကားခေါင်းခန်းအတွင်း အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကားခေါင်းခန်းအတွင်း ပိတ်မိနေသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ကယ်ထုတ်နိုင်ခဲ့ကာ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#SN
👍13❤3🙏2
September 9, 2026 868