အောင်ပွဲရတပ်မတော်သားများအား ဂုဏ်ပြုကြိုဆို
စက်တင်ဘာ ၅
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် နယ်မြေလုံခြုံရေးတာဝန်များ ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသော ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုသည့် အခမ်းအနားကို စက်တင်ဘာ ၄ ရက် ညပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေရှိ နယ်မြေခံတပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲဝင်များ၊ တပ်မတော်သားများ၏ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး ရှေ့တန်းပြန်တပ်မတော်သားများအား အောင်သပြေပန်းများဖြင့် သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
Forwarded fromKo Thet
7
5September 5, 2026 431









