စက်တင်ဘာ ၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေးမြို့နယ်၊… — MDY image✍️ — TG.ME

စက်တင်ဘာ ၂ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကလေးမြို့နယ်၊ ဖောင်ကူးကျေးရွာအတွင်း နရဉ္ဇရာချောင်းရေ ဝင်ရောက်ခဲ့လို့ ဒေသခံ ၂၄၈ ဦးကို ကလေးမြို့တော်ခန်းမနဲ့ အထက (၃) သို့ ဘေးလွတ်ရာ ယာယီ ရွှေ့ပြောင်းပေးခဲ့ရပြီး လိုအပ်တဲ့ ရိက္ခာများ ထောက်ပံ့ပေးနေပါတယ်။

အလားတူ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့မှာလည်း ဆည်ကြီးချောင်း ရေကြီးပြီး ကမ်းပါးတိုက်စားမှုကြောင့် Maranatha AG ဘုရားကျောင်းနဲ့ နေအိမ် ၁ လုံး ရေထဲ မျောပါသွားခဲ့ပေမဲ့ လူထိခိုက်မှုတော့ မရှိပါ။
👌3👍2❤1🙏1
September 2, 2026 907 1