ရေဘေးသင့်တဲ့နေရာတွေမှာ ကူညီဖို့အတွက် ကျွန်တော်တို့ Mafia Production… — May Thu Htun (OFFICIAL) — TG.ME

ရေဘေးသင့်တဲ့နေရာတွေမှာ ကူညီဖို့အတွက် ကျွန်တော်တို့ Mafia Production ကလိုအပ်သော နေရာများကို ထိထိရောက်ရောက် အကူအညီပေးနိုင်ဖို့စီစဥ်နေပါတယ် ကျွန်တော်တို့လူကိုယ်တိုင်သွားရောက်လှူဒါန်းနိုင်သောနေရာများကို ကိုယ်တိုင်သွားရောက်လှူဒါန်းမှာဖြစ်ပီး ကိုယ်တိုင်မသွားရောက်နိုင်သောနေရာများ (တကယ်လိုအပ်နေသောနေရာများ) ကို စိတ်ချရသော အဖွဲ့အစည်းထံသို့သေချာချိတ်ဆက်ပြီး လှူဒါန်းပေးသွား မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့အတူတူကုသိုလ်ယူဖို့ပါဝင်ချင်တဲ့ မိတ်ဆွေသူငယ်ချင်းများလည်း မိမိ နိုင်သလောက် ၅၀၀/၁၀၀၀ ကျပ်မှစ၍ ဆန် ဆီ ဆေး ဆား အဝတ်အစား အသုံးဆောင်များ လည်းတတ်အားသ၍ ပါဝင်လှူဒါန်းနိုင်ပါတယ်။ အလှူခံရရှိသော ငွေစာရင်းကိုလည်း ငွေ အမောက် နဲ့တကွ လှူဒါန်းမယ့်နေရာ / လှူဒါန်းသော နေရာများကို သေချာအသေးစိတ်တင်ပြပေးသွားပါမည်။ KBZ Pay / Wave Pay - 09961226222 (U SAN LIN HTET) ပစ္စည်းများလှူဒါန်းလိုပါက 37 လမ်း ၊ 84×85 ကြား "ရှယ်ဝမ်းဝမ်း"စားသောက်ဆိုင် ၊ မန္တလေးမြို့မှာ ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်ပါတယ်။

❤16
September 14, 2024 1.4K