စစ်တွေမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတချို့ကို… — အမေစု သားသမီးများစုစည်းရာ — TG.ME

စစ်တွေမြို့နယ်၊ ရန်ကုန်-စစ်တွေ ကားလမ်းပိုင်းရှိ စစ်တပ်စခန်းတချို့ကို  AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွား ဒီဇင်ဘာလ ၂၈ ရက် ရခိုင်ပြည်၏ မြို့တော် စစ်တွေမြို့နယ်၊ အစွန်ဘက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းတချို့ကို  AA က စတင် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်နှင့် စစ်ရေး သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ယခင်ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်သင်္ဘောများကို AA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာမှ ယခုအခါ ရန်ကုန်-စစ်တွေကားလမ်း တစ်လျှောက်တွင် AA တပ်များက စစ်ကောင်စီတပ်စခန်းများ၊ ဂိတ်များကို စတင်တိုက်ခိုက်လာခြင်းဖြစ်ကြောင်း၊ ယမန်နေ့ ကျားမသောက် စစ်ဆေးရးဂိတ်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ "ရန်ကုန်-စစ်တွေ လမ်းပိုင်းဘက်မှာ စပြီး တိုက်ပွဲဖြစ်တယ်။ အဲဒီဘက်မှာက စစ်ကောင်စီတပ်ရင်းတွေ ရှိတယ်။။ စစ်တွေဒကစလည်းရှိတယ်။ ခမရ ၃၄၄ ၊ ခလရ ၂၃၂ နဲ့ အခြားတပ်တွေရှိတယ်။ စစ်တွေမြို့ကို စစ်တပ် တပ်ရင်းတွေက ကာထားတာ။ ကုန်းလမ်းကတော့ AA က သိမ်းပိုက်ထားလို့ ပြတ်တောက်နေပြီးသားပါ။ လေ ကြောင်းနဲ့ ရေကြောင်းကပဲ စစ်တွေကိုသွားလို့ရပါတယ်"ဟု အဆက် - ⤵️⤵️

December 28, 2024 542 1