
Opening match မှာ Newcastle ကို 2–2 သရေကျအောင် လိုက်ကစားထားခဲ့ရတဲ့ Liverpool အနေနဲ့တစ်ရာသီလုံး အရှိန်ကောင်းချင်ရင် Anfield ရဲ့အားသာချက်ကိုအသုံးချပြီး နိုင်ပွဲယူထားဖို့လိုပါပြီ။ Forest ကလည်းရာသီအစမှာအခြေအနေမကောင်းပါဘူး။ ပိုစိုးရိမ်စရာကောင်းတာက Leeds ကိုချည်း 2 ပွဲဆက် goal မသွင်းနိုင်ဘဲရှုံးထားခဲ့တာပါ။ Gibbs-White လို key player တွေရဲ့ fitness မသေချာမှုကလည်းရှိနေတော့ဒါက Anfield မှာ Liverpool နိုင်ပွဲပြန်ရဖို့အခြေအနေပေးသလိုဖြစ်လာပါတယ် ။ Liverpool ဖက်ကိုပြန်ကြည့်ရင်လည်း Newcastle ကို 2 ကြိမ်တိုင်တိုင်ပြန်လိုက်ထားနိုင်တာကြောင့် attacking response က Forest ကိုနိုင်ဖို့တော့လုံလောက်မှုရှိပါတယ်။ ဒါပေမဲ့ Newcastle နဲ့ပွဲမှာမြင်ရသလောက် ခံစစ်အားနည်းချက်ကလည်းရှိနေလို့ Forest က counter စောင့်ပြီးဂိုးရသွားနိုင်ချေလည်းရှိနေပါတယ်။ ဒီပွဲမှာ Liverpool နိုင်ရင်တောင် clean-sheet ရဖို့ခက်တာကြောင့် Liverpool အနိုင်နဲ့ဂိုးပေါ်လေးတွဲယူကြည့်ချင်ပါတယ်။
