🅼🅰🆃🅲🅷(🥚) - Tips Area: post #16596 — TG.ME

" နံနက်ခင်းအပြောင်းအရွေ့သတင်းများ"

Manchester United အသင်းဟာအသက် ၂၈ နှစ်အရွယ် အင်္ဂလန်တိုက်စစ်မှူး Marcus Rashford အသင်းမှ ထွက်ခွာမယ့်အရေးကို ပယ်ဖျက်ထားခြင်းမရှိသေးဘဲ Arsenal နဲ့ Barcelona တို့ကလည်း ၎င်း၏အခြေအနေကို စောင့်ကြည့်လျက် ရှိကြပါတယ်။ (Teamtalk)

Monaco မှ အသက် ၂၂ နှစ်အရွယ် ဆီနီဂေါ ကွင်းလယ်လူ Lamine Camara ဟာ Enzo Fernandez နေရာမှာအစားထိုးရန် Chelsea ရဲ့ပစ်မှတ်အဖြစ် ထည့်သွင်းစဉ်းစားခြင်း ခံနေရပါတယ်။ (Mail)

Newcastle အသင်းဟာ Lille မှ အသက် ၂၁ နှစ်အရွယ် ဘယ်လ်ဂျီယံ တိုက်စစ်မှူး Matias Fernandez-Pardo ကိုခေါ်ယူရန် အပြောင်းအရွှေ့ ရာသီ အကုန်မှာနောက်ဆုံးအကြိမ် အပြင်းအထန် ကြိုးပမ်းလျက် ရှိပါတယ်။ (Telegraph)

Atletico Madrid မှအသက် ၂၆ နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူး Julian Alvarez ဟာ Manchester City သို့ ပြန်လည်ပြောင်းရွှေ့ရန် အခွင့်အရေးကိုငြင်းပယ်ခဲ့ပါတယ်။ (Cadena Ser)

Newcastle အသင်းဟာ Stuttgart မှအသက် ၂၂ နှစ်အရွယ် မော်ရိုကိုကွင်းလယ်လူ Bilal El Khannouss ကို စိတ်ဝင်စားနေပေမဲ့ ၎င်းအတွက် Everton အသင်းနဲ့အပြိုင်ကြိုးပမ်းရဖွယ် ရှိနေပါတယ်။ ဒါ့အပြင် Newcastle အသင်းဟာ အပြောင်းအရွှေ့ရာသီမပိတ်မီ အသက် ၂၄ နှစ်အရွယ်ဂျာမနီတိုက်စစ်မှူး Nick Woltemade ကိုရောင်းချနိုင်ရန်လည်း ကြိုးပမ်းလျက် ရှိပါတယ်။ (Talksport, Sky Germany)

Arsenal အသင်းဟာ Real Madrid မှာပွဲထွက်ခွင့်အတွက် စိုးရိမ်နေရတဲ့အသက် ၂၀ အရွယ်ဘရာဇီးလ်တိုက်စစ်မှူး Endrick ကိုခေါ်ယူရန်ပြန်လည်စတင်လာခဲ့ပါတယ်။ (Teamtalk)

Manchester United၊ Tottenham နဲ့ Galatasaray တို့ဟာ Crystal Palace တိုက်စစ်မှူး Jean-Philippe Mateta (၂၉ နှစ်) ကိုခေါ်ယူရေးရပ်ဆိုင်းဖွယ်ရှိနေပေမဲ့ အဆိုပါပြင်သစ်တိုက်စစ်မှူးအတွက် Aston Villa ကတော့ ပေါင်သန်း ၂၀ နဲ့ ကမ်းလှမ်းထားခဲ့ပါတယ်။ (Caught Offside)

Eintracht Frankfurt မှ အသက် ၂၂ နှစ်အရွယ်ကွင်းလယ်လူ Hugo Larsson ဟာအသင်းမှ ထွက်ခွာရန်နီးစပ်နေပြီး Crystal Palace အပါအဝင်ပရီးမီးယားလိဂ် ကလပ်နှစ်ခုက ၎င်းကို ခေါ်ယူရန် ကြိုးပမ်းနေကြပါတယ်။ (Sky Germany)

Burnley အသင်းဟာ Hull City မှ အသက် ၂၆ နှစ်အရွယ် အင်္ဂလန်ဘယ်နောက်ခံလူ Ryan Giles ကိုလာမယ့်နွေရာသီမှာအပြီးသတ်ခေါ်ယူခွင့်ပါဝင်တဲ့အငှားစာချုပ်ဖြင့် ကမ်းလှမ်းဖို့ပြင်ဆင်လျှက် ရှိပါတယ်။ (Football Insider)

Valencia အသင်းဟာ Liverpool မှအသက် ၂၃ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူ Harvey Elliott ကိုအငှားဖြင့် ခေါ်ယူရန် ဆွေးနွေးမှုများ ပြုလုပ်လျှက်ရှိပါတယ်။ (Matteo Moretto)

Aston Villa အသင်းဟာ Paris St-Germain ရဲ့အသက် ၁၈ နှစ်အရွယ် ဆီနီဂေါတောင်ပံကစားသမား Ibrahim Mbaye ကို ပေါင် ၄၇ သန်းဖြင့်ခေါ်ယူရန်သဘောတူညီမှု ရရှိခဲ့ပါတယ်။ (Mail)
August 29, 2026 62