" နံနက်ခင်းအပြောင်းအရွေ့သတင်းများ"
Arsenal အသင်းဟာ Atletico Madrid မှ ထွက်ခွာရန် ဆန္ဒရှိနေတဲ့အသက် ၂၆ နှစ်အရွယ်အာဂျင်တီးနား တိုက်စစ်မှူး Julian Alvarez ကိုခေါ်ယူရန်ကြိုးပမ်းမှုကိုလက်လျှော့မှာ မဟုတ်ဘူးလို့သိရပါတယ်။။ (Mail)
Manchester City တိုက်စစ်ကွင်းလယ်လူ Iliman Ndiaye (၂၆ နှစ်) ကို ခေါ်ယူရန် ပစ်မှတ်အဖြစ် သတ်မှတ်ထားသော်လည်း Everton အသင်းက အဆိုပါ ဆီနီဂေါ လက်ရွေးစင်အတွက် ပေါင် သန်း ၈၀ ဝန်းကျင် တန်ကြေး သတ်မှတ်ထားပါတယ်။ (Guardian)
Aston Villa အသင်းဟာ AC Milan တောင်ပံကစားသမား Rafael Leao ကိုခေါ်ယူရေးပြိုင်ပွဲတွင် Galatasaray ကို အနိုင်ရရှိရန်အတွက် ကစားသမားနှင့် တိုက်ရိုက် ဆက်သွယ်မှုများ ပြုလုပ်ခဲ့ပါတယ်။ (Fabrizio Romano)
Nottingham Forest အသင်းဟာ Crystal Palace ကစားသမား Daniel Munoz အတွက်ပေါင် ၂၂ သန်းတန်ကြေးရှိတဲ့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ (Athletic)
Atletico Madrid အသင်းဟာ Nottingham Forest မှ အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူး Igor Jesus နှင့် Arsenal မှ အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူး Gabriel Jesus တို့ ဘရာဇီးလ် တိုက်စစ်မှူးနှစ်ဦးစလုံးကို ခေါ်ယူရန်စဉ်းစားလျက်ရှိပါတယ်။ (Fichajes)
Napoli အသင်းဟာ Newcastle ရဲ့အသက် ၂၄ နှစ်အရွယ် ဂျာမနီ တိုက်စစ်မှူး Nick Woltemade ကို အငှားဖြင့်ခေါ်ယူရန် စဉ်းစားလျက် ရှိပါတယ်။ (Fabrizio Romano)
Manchester United အသင်းဟာခံစစ်ပိုင်းအားဖြည့်ရန် ကြိုးပမ်းနေချိန်တွင် အသက် ၂၈ နှစ်အရွယ်အင်္ဂလန်ဗဟိုနောက်ခံလူ Tosin Adarabioyo ကိုခေါ်ယူရန် Chelsea ဖက်ကကမ်းလှမ်းထားခဲ့ပါတယ်။ (GiveMeSport)
Hull City အသင်းဟာ AS Roma ရဲ့အသက် ၁၉ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး Robinio Vaz ကို စာချုပ်ချုပ်ဆိုရန် သဘောတူညီမှု ရရှိဖို့နီးစပ်နေပြီ ဖြစ်ပါတယ်။ (Athletic)
Chelsea အသင်းဟာအသက် ၂၀ အရွယ် စပိန်တိုက်စစ်မှူး Marc Guiu ကို Napoli ထံရောင်းချဖို့ ဆွေးနွေးလျက်ရှိပြီး အဆိုပါ အပြောင်းအရွှေ့မှာလည်း တိုးတက်မှုများ ရှိနေပါတယ်။ (Sky Sports)
Chelsea မှ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနား ကွင်းလယ်လူ Enzo Fernandez ဟာ Manchester City သို့ ပြောင်းရွှေ့ရေး အဆင်ပြေသွားမည်ဟု ဆက်လက်မျှော်လင့်နေဆဲ ဖြစ်ပါတယ်။ (Fabrizio Romano)
Fiorentina တိုက်စစ်မှူး Moise Kean ဟာပေါင် ၃၅ သန်း ဝန်းကျင်ရှိမည့် သဘောတူညီမှုဖြင့် Como သို့ပြောင်းရွှေ့ရန် ပိုမို နီးစပ်လာခဲ့ပါတယ်။ (Sky Sports Italy)
Leeds United အသင်းဟာအသက် ၂၈ နှစ်အရွယ် ဘရာဇီးလ် ဂိုးသမား Lucas Perri ကို အပြီးသတ်ဝယ်ယူခွင့်ပါဝင်တဲ့ အငှားစာချုပ်ဖြင့် Torino သို့ပြောင်းရွှေ့ရေးအပြီးသတ်နိုင်ရန် ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ပါတယ်။ (Sky Sports)
အခြားတစ်ဖက်မှာတော့ Leeds United အသင်းဟာ Standard Liege မှအသက် ၂၁ နှစ်အရွယ်ဒီအာကွန်ဂို ဂိုးသမား Matthieu Epolo ကို ခေါ်ယူရန်စဉ်းစားလျက် ရှိပါတယ်။ (Get French Football News)
August 28, 2026 76