မမနုတို့ ပြောမှ ရတော့မယ့် အခြေအနေမို့လို့ သည်းမခံနိုင်တော့လို့… — နန်းမတော်မနု — TG.ME

မမနုတို့ ပြောမှ ရတော့မယ့် အခြေအနေမို့လို့
သည်းမခံနိုင်တော့လို့ ပြောပါတော့မယ်

လက်ရှိ စမ်းရေမိုးဇာတ်ပွဲ ကပြနေတဲ့ တောင်တွင်းကြီးက ကဇာတ်ရုံဆိုတဲ့နေရာဟာ အာဏာသိမ်းစက နိူင်/ကျဉ်းတွေကိုညှင်း-ပမ်း-နှိပ်-စက်တဲ့ နာမည်ကြီး
ပုဏ္ဏဝတီ စစ်ကြောရေးခန်းမ ဆိုတာကြီးပေါ့။

မြို့သူမြို့သားတွေရင်ထဲ အတိတ်ဆိုးတွေ အပြည့်နဲ့
လူငယ်တွေ ကြေလွင့်ခဲ့ရတဲ့ နေရာတွေပါ။
စစ်အုပ်စုဟာ ဖျော်‌ဖြေရေး ဆာငတ်နေတဲ့ ပြည်သူတွေအပေါ် ဇာတ်ပွဲတွေနဲ့ အသုံးချလာတာ အကုန်လုံးမြင်တွေ့နေရပါတယ် ။ အဲ့ဇာတ်ပွဲဟာ 3ည ကပြခဲ့ပြီး 3ည ပေါင်း ပရိသတ် အရေအတွက် 8000နီးပါးရှိတယ်လို့လဲ သိခဲ့ရပါတယ်။

တစ်ခု တွေးကြည့်ရအောင်ပါ.....တရားမျှတပါရဲ့လား
ဇာတ်ပွဲလာကြည့်သူပရိသတ်ထိုင်ရာအောက်မှာ
ကျဆုံးသွားတဲ့ ဝိညာဉ်တွေ မျက်ရည်တွေ
သွေးစက်တွေ ဘယ်လောက်များရှိမှာပါလိမ့်။

သမိုင်းကို ဇာတ်ပွဲတွေနဲ့ မဖုံးပစ်ပါနဲ့။
မတရားနှိပ်စက်ခံကျဆုံးသွားသူတွေကို လေးစားပေးပါ။

#စမ်းရေမိုး
#ဘောမချေမှုန်းရေး
#တောင်တွင်းကြီး
👍30🤬6❤4💯2
August 4, 2026 886 3