“အခုလာမယ့်မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်တာတွေတော့မလုပ်နိုင်သေးဘူး။ ဒါပေမဲ့ ဒေသခံတွေ ရွာခံတွေကအစ ဒီသတင်းကိုတော့သိထားကြတယ်။ မိုခါဝင်ပြီးနောက်ပိုင်းပြန်လည်ထူထောင်ရေးအပိုင်းမှာတောင် လိုအပ်ချက်တွေတော်တော်များနေသေးတယ်” ဟု မုန်တိုင်းဒဏ်သင့်ပြည်သူများကို ကူညီနေသည့် လူငယ်အမျိုးသမီးတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။ မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်တိုက်ခတ်ပြီးသည့်အချိန်မှစ၍ ယနေ့တိုင်ခိုင်မာသည့် အမိုးအကာအောက်မရောက်နိုင်သေးသည့်ဒေသခံအများအပြားရှိနေသေးသည်ဟု ၎င်းကဆိုသည်။ ထို့ပြင် ၎င်းက “စကစရဲ့တစ်ချို့ပိတ်ဆို့မှုတွေကြောင့် စားနပ်ရိက္ခာမရောက်နိုင်သေးတဲ့နေရာတွေလည်း ရှိနေသေးတယ်။ ရွာတွေဘက်မှာဆိုလည်း ရေအခက်အခဲ ကြောင့်ကလေးတွေဝမ်းရေားဂါဖြစ်နေကြတယ်”ဟု ပြောသည်။ ============== 'မိုခါ' ကြောင့် ဒုက္ခရောက်နေသဖြင့် နောက်တစ်ပတ်အတွင်းဖြစ်ပေါ်မည့် မုန်တိုင်းအတွက် ရခိုင်ပြည်သူများ မပြင်ဆင်နိုင်သေး အပြည့်အစုံ ဖတ်ရှုရန် ● https://shorturl.at/aioJT
အခုလာမယ့်မုန်တိုင်းအတွက်ကြိုတင်ပြင်ဆင်တာတွေတော့မလုပ်နိုင်သေးဘူး။… — လူငယ့်ခေတ် — TG.ME
June 1, 2023 1.2K