Koi Naam Na Do Season 2 (2026) "အမည်မဲ့တဲ့ ချစ်ခြင်းမေတ္တာ"… — 1000 Years Old (mmsub) — TG.ME

Koi Naam Na Do Season 2 (2026)
"အမည်မဲ့တဲ့ ချစ်ခြင်းမေတ္တာ"



"နာမည်မတပ်ရဲလို့ ရှောင်ဖယ်ခဲ့ကြတဲ့ အချစ်တစ်ခု... လွန်ခဲ့တဲ့ နှစ်နှစ်အကြာမှာ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့လာတဲ့အခါ..."

ကဗစ် (Kavith) က Gay တစ်ယောက်ဖြစ်ပြီး၊ အန်ရှူးလ် (Anshul) ကတော့ Straight တစ်ယောက်ပါ။ လွန်ခဲ့တဲ့ နှစ်နှစ်က သူတို့နှစ်ယောက်ဟာ ဖွင့်မပြောဘဲ ရင်ထဲမှာပဲ ဖုံးကွယ်ထားတာက ပိုပြီးလုံခြုံမယ်ဆိုတဲ့ ခံစားချက်တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် ကျောခိုင်းလမ်းခွဲခဲ့ကြပါတယ်။

အခုချိန်မှာတော့ အန်ရှူးလ်ဟာ သူအမြဲတမ်းဖြစ်ချင်ခဲ့တဲ့ ဘဝကို ပိုင်ဆိုင်နေပါပြီ။ ကြော်ငြာဘုတ်တွေထက်မှာ နေရာယူထားတဲ့ နာမည်ကြီး တစ်ယောက်ဖြစ်နေသလို၊ နာမည်ကြီး စတားတစ်ယောက်နဲ့လည်း တွဲနေပါတယ်။ ကဗစ်ကလည်း သူ့ဘဝနဲ့သူ ရှေ့ဆက်နေခဲ့ပြီး ရည်းစား (၂၂) ယောက်တိတိ ထားခဲ့ပြီးနောက်မှာတော့... အန်ရှူးလ်ဆိုတဲ့ အတိတ်ကလူကို သူလုံးဝ၊ အပြီးအပိုင် မေ့ပစ်နိုင်ခဲ့ပြီလို့ သူ့ကိုယ်သူ ယုံကြည်နေခဲ့တာပါ။
https://t.me/staywithmemmsub_bymwatch/9312
September 7, 2026 46 1