Love Is Better the Second Time Around Season 2 (2026)… — 1000 Years Old (mmsub) — TG.ME

Love Is Better the Second Time Around Season 2 (2026)



နှစ်နှစ်ကြာပြီးနောက်မှာတော့ မီယာတ အာကီဟီရို (Miyata Akihiro) နဲ့ အီဝနာဂ တာကာရှီ (Iwanaga Takashi) တိုဟာ သူတို နှစ်ရှည်လများ ရှာဖွေနေခဲ့တဲ့ နွေးထွေးတဲ့ အချစ်ရေးလေးကို ပိုင်ဆိုင်ပြီး ပျော်ရွှင်စွာ အတူတူ နေထိုင်နေကြပါပြီ။ အလုပ်တွေ များနေကြပေမဲ့လည်း သူတို အတူရှိနေတဲ့ အချိန်လေးတိုင်းကို တန်ဖိုးထားကြပြီး သူတိုရဲ့ အနာဂတ်ကလည်း အရင်ကထက် ပိုပြီး တောက်ပနေခဲ့ပါတယ်။

ဒါပေမဲ့ သူတိုနှစ်ယောက် ပိုပြီး ရင်းနှီးလာတာနဲ့အမျှ အီဝါနာဂါရဲ့ အတိတ်မှာ သူလုံးဝမသိသေးတဲ့ အရာတွေ ရှိနေသေးတယ်ဆိုတာကို မီယာတာ သတိထားမိလာပါတယ်။ အီဝါနာဂါက သူ့ရဲ့ ရည်းစားဟောင်းတွေအကြောင်း ပြောဖို ရှောင်ဖယ်နေတတ်သလို၊ တစ်ခါတစ်ရံ ပြောထွက်လာတဲ့ စကားလုံးတွေနဲ့ အမူအရာတွေက မီယာတာ တစ်ခါမှ မမြင်ဖူးသေးတဲ့ အီဝါနာဂါရဲ့ တခြားတစ်ဖက်ကို အရိပ်အမြွက် ပြနေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အီဝါနာဂါက မဂ္ဂဇင်း အင်တာဗျူးတစ်ခုမှာ သူ့ဘဝမှာ "အရေးပါတဲ့သူ တစ်ယောက်" ရှိနေပြီလို လူသိရှင်ကြား ဖွင့်ဟလိုက်တဲ့အခါ...

https://t.me/staywithmemmsub_bymwatch/9246
September 2, 2026 2.1K 4