Fill The Beat (2026)
https://t.me/staywithmemmsub_bymwatch/9228
ဂီတသီအိုရီတွေကြားမှာ ပျော်မွေ့ပြီး နိုင်ငံခြားကို ပညာတော်သင်သွားနိုင်ဖို့ အိမ်မက်မက်နေတဲ့ ခီတာဆိုတဲ့ Gen Z လူငယ်လေးတစ်ယောက်ဟာ တစ်ရက်မှာတော့ စည်းကမ်းကြီးပြီး ရှေးဟောင်းဂန္တဝင်သီချင်းတွေကို နှစ်သက်မြတ်နိုးတဲ့ ဂီတတူရိယာပြင်ဆိုင်ပိုင်ရှင် အဘိုးဖြစ်သူနဲ့ အတူနေထိုင်ဖို့ဖြစ်လာပါတယ်။
မျိုးဆက်ကွာဟချက်ကြီးလွန်းတဲ့ အဘိုးဖြစ်သူနဲ့ ပဋိပက္ခတွေကြား အတူနေထိုင်ရင်း ခီတာတစ်ယောက် သူ့နည်းတူ ဂီတကိုရူးသွပ်ကြတဲ့ ပေါင်ပေ့နဲ့ ဝင်းဆိုတဲ့ လူငယ်နှစ်ယောက်နဲ့ဆုံပြီး ဂီတပြိုင်ပွဲတစ်ခုအတွက် သုံးယောက်သား တီးဝိုင်းအဖွဲ့ဖွဲ့ဖြစ်သွားပါတော့တယ်။

August 31, 2026 1.3K 2