ဒဏ်ရာနည်းနည်းနဲ့ ရှင်သန်တော့မှာလို့ ဆုံးဖြတ်ပြီး
ဘဝကိုပြန်ဆွဲထားရတဲ့နေ့ရက်တွေမှာ
ပျော်ရွှင်ဖို့ကိုပဲ အစဉ်တစိုက်ဦးခိုက်ပါတယ်
ဘယ်နှုတ်ခမ်းဆီမှာမှ ထပ်ပြီး မီးခိုလို မှုတ်ထုတ်မခံရဖို့ရယ်
ဘယ်သူ့လက်ထဲမှာမှ ထပ်ပြီး
ပြာတစ်စလို တောက်ချမခံရဖို့ရယ်
ဘာမှထပ်ထည့်လို့မရတော့တဲ့
ခွက်အခွံတစ်ခုလို ဆက်လက်နေထိုင်သွားမယ်
ဒါကလက်ရှိအနေအထားပါပဲ
-နွေသစ်ငြိမ်း
Forwarded fromThank for Everything😪
1
1July 13, 2026 134