ထွန်းအိန္ဒြာဗိုလ် က BC တွေကို က ပြ တယ်။
Boycott လုပ်ဖို့ PVTV ဆိုတဲ့ NUG သတင်းဌာနက စတင်တာ တွေ့ရတယ်။
ထွန်းအိန္ဒြာဗိုလ် ကို ကောက်ကြောင်းဆွဲကြည့်ရအောင်။
NLD ပါတီ ခေတ်တုန်း က သဲသဲလှုပ် ထိပ်ဆုံးက
ထောက်ခံခဲ့သူပေါ့ ၊ လူမင်း ၊ ပြေတီဦး ၊အိန္ဒြာကျော်ဇင် ၊ဒါရိုက်တာ ဝိုင်း ၊ တို့ အပါအဝင် တော်တော်များများ ခြံနံပါတ် ၅၄ မှာ တရုန်းရုန်း ပေါ့။
သန်းရွှေခေတ်တုန်းကလဲ ဆည်ဖွင့်ပွဲ တွေဆို
ဆည်က သရိုး မကိုင်ရသေး ဘူးဆည်ပေါ် တက်
ခုန်ခုန် နေတာ သူတို့ပါပဲ။
အာဏာသိမ်း တော့ ပြည်ပထွက်ပြေးရတဲ့
အနုပညာရှင် အများအပြား တတိယနိုင်ငံ ဆီ
သွားကြတယ်။
ပြည်တွင်းမှာတော့ လူမင်း တို့ ပြေတီဦး၊ ပိုင်တံခွန်တို့အပါအဝင် တော်များများ အဖမ်းခံပြီး
ပြန်လွတ်လာတယ်။
တဖြေးဖြေး နဲ့ သူတို့လဲ အသံထွက်မရ တော့ဘူး။
ထွက်ရင်ပြန်ဖမ်းမှာလေ။
လေးဖြူ ကို Boycott ထွန်းအိန္ဒြာဗိုလ်ကို
Boycott ဟိုသူ့ကို Boycott ဒီလူ့ ကို Boycott
လုပ်ဖို့ ဆော်ဩတာ တွေ အောင်မြင်သလား။
ထိရောက်သလား။ ဆိုတာ ဆန်းစစ်သုံးသပ်ကြည့်ကြဖို့ လိုတယ်။
အရင်က သူတို့က ထောက်ခံခဲ့တယ် ၊ ခု ဘာလို့မထောက်ခံတာလဲ ရော ဆန်းစစ်ကြရဲ့လား။
Boycott Boycott ဆိုတဲ့ စကား က
အင်မတန် တန်ဖိုးကြီးတယ်ဗျ။
သပိတ်မှောက် တာလို့ မြန်မာလို ခေါ်လို့ရမယ်။
ဒီစကားဟာ မြန်မာပြည်မှာ ပထမကျောင်းသား
သပိတ် ၁၉၂၀ က စခဲ့တဲ့ စကားလို့ အကြမ်းဖျင်းသုံး ကြရမယ်။
တော်လှန်ရေး မှာ ပါတာ မပါတာထက်
ပြည်သူကို အကြမ်းဖက်တဲ့ ဖက်ဆစ်တပ်ကို
ထောက်ခံ ကူညီသူတွေ ဟာ အင်မတန် ရွံ့စရာ
ကောင်းပါတယ်။
မဆက်ဆံသင့် ဘူး။ ဖယ်ကြည်ရမယ်ဆိုတာ
လက်ခံတယ်။
သို့သော် ကိုယ့်အဖွဲ့နဲ့ ကိုယ်နဲ့ အမြင်မတူသူတိုင်းကို Boycott နေမလား။ စည်းရုံးမလား။
စည်းဝိုင်းအပြင်ကို ကန်ထုတ်မလား။
ရန်သူလုပ်ပစ်မလား ၊ အမြင်ကျယ်ကျယ်နဲ့
တွေးဆ ကြဖို့ လိုလာပြီ။
တော်လှန်ရေး အတွင်း ပြဿနာတွေ ကြောင့်
စိတ်ပျက်သူဟာ ၁၀၀ မှာ ၇၀ လောက်ထိရှိလာနေပြီဗျ။
အခြေအနေမှန်ကို သုံးသပ်ပါ။
ဟိုလူ Boycott ဒီလူ့ Boycott ဆိုပြီး
FB ပေါ် ပြည်ပ က အော်နေရုံ နဲ့ လက်တွေ့
Boycott နိုင်တဲ့ အင်အား ရှိမရှိဆိုတာ
သိမြင်ကြဖို့ လိုနေပြီ ဆိုတာ ပြောပြချင်တယ်။
#ခင်ဗျားတို့ရဲ့လူမြတ်ကျော်
11
8
2August 27, 2026 1.8K 2 4