⚠️ Telegram သုံးစွဲသူများ သတိပြုရန် Phishing Scam (ကျားဖြန့်) သတိပေးချက် ⚠️ မကြာသေးမီက Telegram အသုံးပြုသူတွေဆီကို "Telegam" ဆိုတဲ့ အကောင့်အတုကနေ အကောင့်ပိတ်သိမ်းတော့မယ်ဆိုပြီး လိမ်လည်လှည့်ဖျားတဲ့ စာတွေ ပေးပို့နေတာကို တွေ့ရှိရပါတယ်။ လိမ်လည်ပုံ အဆင့်ဆင့်မှာ- နာမည်အတုသုံးခြင်း: "Telegram" အစား "Telegam" ဆိုပြီး စာလုံးပေါင်းမှားရိုက်ကာ အယောင်ဆောင်ထားပါတယ်။ ခြိမ်းခြောက်ခြင်း: "၈ နာရီအတွင်း အကောင့်ပိတ်ပါမည်" ဟုဆိုကာ အချိန်အကန့်အသတ်ဖြင့် ခြိမ်းခြောက်ပြီး စိတ်လှုပ်ရှားအောင် လုပ်ဆောင်ပါတယ်။ Link အတုများပေးပို့ခြင်း: အကောင့်ပြန်ဖွင့်ရန်ဟု အကြောင်းပြကာ တရားဝင်မဟုတ်သည့် Phishing Link များသို့ နှိပ်ခိုင်းပါတယ်။ မိမိအကောင့်မပါသွားအောင် ဘာတွေသတိထားရမလဲ? ၁။ Link ကို လုံးဝမနှိပ်ပါနဲ့: အဆိုပါ Link ထဲမှာ ဖုန်းနံပါတ်နဲ့ OTP ကုဒ်တွေ ဖြည့်လိုက်တာနဲ့ သင့်အကောင့်ကို ဟက်ကာတွေက ခိုးယူသွားမှာဖြစ်ပါတယ်။ ၂။ တရားဝင်အကောင့်ကို စစ်ဆေးပါ: Telegram ရဲ့ တရားဝင် Service Notification တွေမှာ အပြာရောင်အမှန်ခြစ် (Verified Badge) ပါရှိရပါမယ်။ အခုလို ဖုန်းနံပါတ်ပေါ်နေတဲ့ အကောင့်မျိုးဟာ တရားဝင်မဟုတ်ပါဘူး။ ၃။ Block & Report: အခုလိုစာမျိုး ရောက်လာခဲ့ရင် အဆိုပါအကောင့်ကို ချက်ချင်း Block လုပ်ပြီး Report ထုကြပါ။မင်မင့်ကိုလည်း အဲ့လိုပို့လာတာတွေ့တာနဲ့ မင်မင့်သဲလေးတွေအညှာမမိမို့ ကြိုပြီး သတိပေးတာပါ 🩵 လုံခြုံရေးအတွက် အကြံပြုချက်: သင့်အကောင့်ကို ပိုမိုလုံခြုံစေဖို့အတွက် Settings > Privacy and Security > Two-Step Verification ကို သွားပြီး Password တစ်ခု ထပ်မံခံထားဖို့ တိုက်တွန်းလိုပါတယ်။ "သတိရှိခြင်းဖြင့် မိမိရဲ့ အကောင့်နဲ့ အချက်အလက်တွေကို ကာကွယ်ကြပါ" ( လူအများသိမို့ ဒီပို့စ်လေးကို share ပေးကြပါဦးနော် ) #Ruby
Telegram သုံးစွဲသူများ သတိပြုရန် Phishing Scam (ကျားဖြန့်) သတိပေးချက်… — Let's Answer — TG.ME
May 9, 2026 5.3K 9 114