ထိုင်း‌ဝေါဟာရတွေကို ကျက်ရင်း ဒီနေ့ကျက် နောက်နေ့မေ့ ဖြစ်နေပြီလား… — Thai Classes by GYS — TG.ME

ထိုင်း‌ဝေါဟာရတွေကို ကျက်ရင်း
ဒီနေ့ကျက် နောက်နေ့မေ့ ဖြစ်နေပြီလား
.
ဒါဆိုရင်တော့
ဒီ post လေးကိုအဆုံးထိဖတ်ကြည့်ပါ။
.
တီချယ် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ထိုင်းဘာသာအထူးပြု ပထမနှစ် စတက်ကတည်းက ကျင့်သုံးခဲ့တဲ့ နည်းလမ်းအနည်းငယ်ကို အားလုံးအတွက်ဝေမျှပေးချင်ပါတယ်။
.
တီချယ်တို့ တော်တော်များများ ငယ်ငယ်ကတည်းက မီးနင်းကျက်တာနဲ့ အကျွမ်းတဝင်ရှိခဲ့ကြတယ်ဟုတ်။
.
ဘာသာစကားတစ်ခုလေ့လာတဲ့နေရာမှာ ဝေါဟာရ ကြွယ်ဝမှုဟာအလွန်အရေးပါပါတယ်။ ဝေါဟာရ တစ်လုံး မသိလိုက်ရင် အရေးနဲ့အဖတ် မှာတော့ dictionary မှာ
လွယ်လွယ်ကူကူကောက်ရှာလိုက်ရင်
ရပေမယ့် ကိုယ်တိုင်ပြောတဲ့အချိန် ၊ သူများပြောတာနားထောင်တဲ့အချိန်မှာ အခက်တွေ့ပါပြီ။ မသိတာရှိပါပြီဆိုပါတော့...ချက်ချင်းဘယ်လို dictionary ထဲကောက်ရှာမလဲ ?
အဲ့ဒီလိုအဖြစ်မျိုးတွေ အတက်နိုင်ဆုံး
မကြုံရလေအောင် အချိန်ရှိစဥ်ကတည်းက တစ်နေ့နည်းနည်းချင်းစီ vocabulary လေးတွေကိုစုဆောင်းသွားရမှာဖြစ်ပါတယ်။
.
အရင်ဆုံးသီးသန့် စာအုပ်လေး
တစ်အုပ် ထားထားပါ။
တီချယ်တို့ ကျောင်းတက်တုန်းက ဘာသာရပ်အလိုက် စာအုပ်တွေခွဲထုတ်ထားသလိုပါပဲ။ မီးနင်းတစ်မျိုးတည်းအတွက်ပဲ သီးသန့်စာအုပ်လေး ထုတ်ထားပါ။ အစကတည်းက စနစ်တကျလေးကျက်မှတ်ထားတော့ ဘယ်အချိန်ပြန်ကြည့်ကြည့်
❤85👏3
August 16, 2026 7.7K 4 5