ℹ️ Secret Wars (2016) အောက်မှာပြောပြသွားမှာတွေကတော့ Secret Warsမလာခင်… — Lazy Comic (Free Channel) — TG.ME

ℹ️ Secret Wars (2016) အောက်မှာပြောပြသွားမှာတွေကတော့ Secret Warsမလာခင် Time Runs Outစာအုပ်ကအကျဉ်းချုံးပါ။ Multiverseကြီးတစ်ခုလုံးပျက်စီးတော့မယ်။ Multiverseအပြင်ဘက်မှာရှိတဲ့ Beyonderတွေက Molecule Manတွေအများကြီးကိုဖန်တီးလိုက်ပြီး တစ်ယောက်ကို Realityတစ်ခုနဲ့ Realityအကုန်လုံးကိုဖျက်ဆီးဖို့‌လုပ်နေပါတော့တယ်။ အချိန်ခရီးသွားDoctor Doomနဲ့ကမ္ဘာမြေ-၆၁၆ရဲ့Molecule Manတို့ဟာအခြားMolecule Manတွေလိုက်မဖျက်ဆီးခင်မှာပဲသတ်ပစ်ခဲ့ပြီးBeyonderတွေရဲ့အစီအစဉ်ပျက်အောင်လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ဖြစ်ချင်တော့သူတို့အဲ့လိုလုပ်လိုက်တာကြောင့်Multiverseမျှခြေကြီးဟာယိမ်းယိုင်သွားပြီးသူတို့ရှိတဲ့RealityကိုဗဟိုပြုပြီးUniverseတွေအချင်းချင်းဝင်တိုက်ကြဖို့ရာဖြစ်လာပါတော့တယ်။ အဲ့ဒီအခါမှာဝင်မတိုက်ခင် Realityတစ်ဖက်တချက်ကလူတွေ အချင်းချင်းပြန်တိုက်ကြတဲ့ တိုက်ပွဲတွေ ဖြစ်လာတော့တယ်။ ဒီတိုက်ပွဲထဲမှာIlluminatiအဖွဲ့နဲ့Cabalအဖွဲ့တို့ပါပေမဲ့လဲMultiverseကြီးပျက်စီးရမယ့်အရေးကိုတော့ မတားနိုင်ခဲ့ကြပါဘူး။ နောက်ဆုံးကျန်ခဲ့တာဆိုလို့ ကမ္ဘာမြေ-၆၁၆နဲ့ကမ္ဘာမြေ-၁၆၁၀တို့ပါပဲ။ Multiverseကြီးရဲ့အခြားတစ်ဖက်မှာတော့ Doctor Doom၊ Doctor Strangeနဲ့ Molecule Manတို့ကBeyonderတွေကို ရင်ဆိုင်တိုက်ခိုက်ဖို့လုပ်နေခဲ့တယ်။ Beyonderတွေက သူတို့ရှေ့မှာလာရပ်ရဲတာဘယ်သူလဲလို့ မေးလိုက်ချိန်မှာတော့ Doomကရှေ့ထွက်ပြီးသူ့နာမည်ကို ပြောပြလိုက်တော့တယ်။

🥰8👍7
December 27, 2023 5.2K 8