Lantern Reads (Chinese Books): post #116 — TG.ME

《白日梦我》 “沈同学,我觉得同桌之间要相亲相爱” “အတန်းဖော် Shen ငါ့အထင်တော့ ထိုင်ခုံဖော်အချင်းချင်း ချစ်ခင်သင့်မြတ်ရမယ်ထင်တာပဲ” ပုံပြင်လေးက ဒီကစပါတယ်။ အဲ့အချိန်ကစပြီး ShenJuan ရဲ့ဘဝထဲကို အလင်းတန်းလေးဝင်ရောက်လာတယ်။ နူးညံ့သွယ်ပျောင်းတဲ့ လက်တစ်စုံက သူ့ကိုဆွဲရင်း နက်မှောင်အေးစက်တဲ့ ပင်လယ်အောက်ခြေကနေ ပင်လယ်မျက်နှာပြင်ပေါ်ကို ဆွဲခေါ်လာခဲ့ပါတယ်။ သူက ဘယ်သူနဲ့မသက်ဆိုင်သင့်တဲ့ သူ့ရဲ့ကယ်တင်ရှင်ဖြစ်လာတဲ့ LinYuJing ပါပဲ။ ဇာတ်လမ်းကတော့ မြင်နေတွေ့နေကျ 学霸 学渣 ဇာတ်လမ်းတွေကနေ ကွဲထွက်နေမဲ့ 校霸 နဲ့ 学霸 ကြားထဲက တစ်ယောက်ကိုတစ်ယောက် အလင်းပေးခဲ့တဲ့ နေခြည်နွေးနွေးလို ချစ်ဇာတ်လမ်းလေးပါပဲ။ Live Action လဲထွက်ထားတာမို့ ဖတ်ပြီးမှ 电视剧 ကြည့်ရင် ပိုကောင်းမှာပါ။

❤13👍1
September 16, 2024 7.9K 13