🔴🗣️ ❝ ဟားဗက်ဇ်က ရွှေဖိနပ်ဆုအတွက် မထင်မှတ်တဲ့ ပြိုင်ဘက်တယောက် ဖြစ်လာလိမ့်မယ် ❞
ပရီးမီးယားလိဂ် ကွင်းလယ်လူဟောင်း ဒန်နီ မာဖီကတော့ တိုက်စစ်ကစားသမား ကိုင်း ဟားဗက်ဇ်ဟာ ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုအတွက် မထင်မှတ်တဲ့ ပြိုင်ဘက်တယောက် ဖြစ်လာလိမ့်မယ်လို့ သုံးသပ်လိုက်ပါတယ်။
ဂျာမန်သားဟာ ဒီနှစ်ရာသီ ပရီးမီးယားလိဂ် (၅) ပွဲ ကစားထားပြီးချိန်မှာ (၂) ဂိုးသွင်းယူထားပြီး အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူးနေရာကို အခိုင်အမာ ရယူထားပါတယ်။
အာဆင်နယ်ကသာ ပွဲတွေကို ဆက်တိုက်လွှမ်းမိုးကစားနိုင်ရင် ဟားဗက်ဇ်အတွက် ဂိုးတွေ ရလွယ်ပြီး ရွှေဖိနပ်ဆု ယှဉ်ပြိုင်သူစာရင်းထဲ ဝင်လာလိမ့်မယ်လို့ မာဖီက ယုံကြည်နေတာပါ။
" ရွှေဖိနပ်ဆုအတွက် မထင်မှတ်ဘဲ ယှဉ်ပြိုင်သူ ဖြစ်လာနိုင်တာကတော့ ကိုင်း ဟားဗက်ဇ်ပါ။ သူသာ ဒဏ်ရာရမနေဘူး ဆိုရင်ပေါ့။ "
" ဟာလန်းကို အမီမလိုက်နိုင်ဘူးဆိုရင်တောင်မှ ထိပ်ဆုံး သုံးလေးဦးစာရင်းဝင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ "
" ဘာလို့လဲဆိုတော့ ဟားဗက်ဇ်ဟာ တည်တည်ငြိမ်ငြိမ် အဆုံးသတ်နိုင်သူ ဖြစ်နေလို့ပါ။ "
# Crd

1October 3, 2026 19