ကမ္ဘာ့ဂီတလောကမှာ Top ဝင်နေတဲ့သူတွေတောင် အကြိမ်ကြိမ်မှားတယ်။ အကြိမ်ကြိမ်ပြင်ရတယ်။
perfect ဖြစ်ဖို့သူတို့မှာ စာသားတစ်ခုချင်းစီကိုသေချာရေး သေချာဆိုရတယ်။
ဘယ်သူတွေအတွက်လဲဆိုရင် ကျွန်တော်တို့လို ARMY တွေအတွက်ကို အချိန်တွေကုန်လူပင်ပန်းပြီး ကြိုးစားကြတယ်။
ပြန်comeback တဲ့အချိန်မှာ Fan တွေမျှော်လင့်ထားသလို MV တွေ့လိုက်တာ "ဝါးမိုက်လိုက်တာ" ဆိုတာမျိုးလိုချင်တဲ့အတွက် အများကြီးကြိုးစားခဲ့ကြတယ်
သီချင်းစာသားတွေကို တစ်လုံးစီ သေခိာရွေးချယ်ပြီးရေးခဲ့တယ်။ တနေရာစီကန့်ပြီးသေချာဆိုခဲ့ကြတယ်။ ကိုယ်ကတော့ကြည့်နေရင်းသူတို့မှားဆိုမိတောင်သဘောကျတယ်
JK - ခက်လိုက်တာ
RM - ခက်မှာပေါ့ သူများမလုပ်တာလုပ်တာကို
ဒီစကားလေးက ကြားရတိုင်းရင်ထဲထိပါတယ်။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့လို ARMY တွေကတော့အကိုတို့ဘာလုပ်လုပ်၊ ဘာကြီးဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ် ဆက်ပြီးအားပေးနေဦးမှာပါ
Keep Swim!!!