ဖြစ်ရပ်မှန် ဒရာမာ စစ်ကားလေး တစ်ကားလောက် ကြည့်ရအောင်။… — မြန်မာစာတန်းထိုး အက်ရှင်ဇတ်ကားများ — TG.ME

ဖြစ်ရပ်မှန် ဒရာမာ စစ်ကားလေး တစ်ကားလောက် ကြည့်ရအောင်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ တကယ်ရှိခဲ့တဲ့ သူရသတ္တိဆုတံဆိပ်ရ ၆နှစ်အရွယ် အသက်အငယ်ဆုံး စစ်သားလေး ဆီရော့ရှာ ရှိရှကင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလည်းကောင်းသလို ကလေးကလည်း အရမ်းကိုချစ်ဖို့ကောင်းပါတယ်။ ဂျာမန်တွေကြောင့် မိသားစုတစ်စုလုံးအသတ်ခံရအပြီးမှာ ဆီရော့ရှာလေးကို တပ်ရင်းတစ်ခုက ကင်းထောက်တစ်ယောက်က ကောက်ရပြီး ခေါ်လာခဲ့ပါတယ်။ တပ်ရင်းကနေ မိဘမဲ့ဂေဟာကို ပို့ရမှာဖြစ်ပေမဲ့ တပ်ရင်းတစ်ရင်းလုံးကချစ်ပြီး တပ်ရင်းမှူးကိုယ်တိုင်က မွေးစားလိုက်တဲ့အတွက် ဆီရော့ရှာဟာ တပ်ရင်းမှာပဲ ဆက်နေခွင့်ရခဲ့ပါတယ်။ တိုက်ပွဲအတွင်း ကျည်ဆံလိုက်ပို့တာ၊ ဆက်သွယ်ရေးကြိုးသွယ်တာ၊ စာတွေလိုက်ဝေတာကအစ တတ်နိုင်သမျှအကုန်လုပ်ခဲ့ပြီး သူ့မွေးစားအဖေကိုပါ သူ့ကိုချစ်တဲ့ သူနာပြုလေးနဲ့လိုက်ပြီး အောင်သွယ်ပေးတဲ့အထိကို လိမ္မာပြီး လည်တဲ့ကလေးပါပဲ။ ကြည့်ရင်းနဲ့ကို အတော်သဘောကျဖို့ကောင်းပါတယ် ကြည့်ကြည့်လိုက်ပါဦး

👍30❤6
June 12, 2023 21.4K 13