ခွေးချစ်သူတွေအတွက် ရုရှားကားလေး A dog named Palma ကို… — မြန်မာစာတန်းထိုး အက်ရှင်ဇတ်ကားများ — TG.ME

ခွေးချစ်သူတွေအတွက် ရုရှားကားလေး A dog named Palma ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် Palma က ဆိုဗီယက်မှာ တကယ်ရှိခဲ့တဲ့ ခွေးမလေး Palma အ‌ကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားခြင်းဖြစ်ပါတယ် သခင်မှ လေယာဉ်စီးခါနီး ခွေးရဲ့ ကျန်းမာရေးထောက်ခံစာ မပါခဲ့လို့ လေယာဉ်ကွင်းမှာပဲ စွန့်ပစ်ခဲ့ပါတယ် ခွေးလေးလိုပဲ ဘဝတူ မိခင်ဆုံးရှုံးခဲ့ရပြီး တခါမှမမြင်ဖူးသူကို အဖေဆိုပြီးလိုက်ခဲ့ရတဲ့ ကိုလျာလေးနဲ့ တွေ့ဆုံးခဲ့ပြီး သူတို့ရဲ့ တူညီတဲ့ခံစားချက်တွေကို ဘယ်လိုဝေမျှခံစားမလဲ လူ့ဘဝကြီးမှာ ကောင်းတာတွေလဲရှိပါသေးတယ်ဆိုတာကို ဖော်ပြထားတဲ့ မိသားစုဒရာမာ ကားလေးပဲဖြစ်ပါတယ် ဇာတ်အိမ်ရဲ့ တည်ထားတဲ့ အချိန်ဟာလည်း ဆိုဗီယက်ခေတ်ဖြစ်တဲ့အတွက် ကွန်မြုနစ်ခေတ်ရဲ့ အငွေ့အသက်လေးတွေလဲ ခပ်ပါးပါးလေး ခြယ်မှုန်းပြထားပါတယ် တိရိစ္ဆာန်ချစ်သူတွေကော Family ကားလေး‌တွေ သဘောကျတဲ့သူတွေပါ ပေါ့‌ပေါ့ပါးပါး ကြည့်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်

June 13, 2023 24.4K 7